ရှီအဟ်နှင့်စွန္နီဟဒီးစ်ကျမ်းများအား နှိုင်းယှဉ်လေ့
လာသုံးသပ်ကြည့်ခြင်း
စွန္နီမှာဟဒီးစ်ကျမ်းကြီးတွေရှိသလို ရှီအဟ်မှာလည်း
ဟဒီးစ်ကျမ်းတွေရှိပါတယ်။ စွန္နီမှာဟဒီးစ်းကျမ်းကြီး(၉)ကျမ်းဖြစ်သည့် ဗုခါရီ|မွတ်စ်လင်မ်|အဗူဒါဝူး
ဒ်|သိရ်မေဇီ|နစာအီ|အိဗ်နိုမာဂျဟ်|မုအသွာအ်|ဒါရေ
မီနှင့်မုစ်နဒ်အဟ်မဒ်ကျမ်းကြီးများဟာကျော်ကြား
သလိုရှီအဟ်မှာလည်း ဟဒီးစ်ကျမ်းကြီး(၄)ကျမ်း
ဖြစ်သည့် အလ်ကာဖီ|သဟ်ဇီးဗ်|အလ်အိစ်သိဗ်စွား
ရ်|မာန့်လာယဟ်ဒူရုဟုလ်ဖကီးဟ်(من لا يحضره الفقيه)
ဆိုသည့်ကျမ်းများဟာကျော်ကြားပါတယ်။
ရှီအဟ်များထံအသိအမှတ်ပြုခံရသည့်ယင်းကျမ်း
(၄)ကျမ်းကိုရေးခဲ့သည့်ရှီအဟ်ပညာရှင်တွေကတော့
အလ်ကာဖီအမည်ရှိကျမ်း-ရေးသူကတော့
ကုလိုင်နီအမည်ရှိဟိဂ်ျရီ(၃၂၉)ကွယ်လွန်သူပဲဖြစ်ပါ
တယ်။ ရှီအဟ်များထံ အလ်ကာဖီအမည်ရှိကျမ်း
ဟာစွန္နီများထံ ဗုခါရီနည်းတူအဆင့်သတ်မှတ်ထား
ပါတယ်။
-သဟ်ဇီဗုလ်အဟ်ကာမ်နှင့်အလ်အိစ်သိဗ်စွား
ရ်အမည်ရှိကျမ်း(၂)ကျမ်းကိုတော့ရှီအဟ်ပညာရှင်
မုဟမ္မဒ်ဗင်န်ဟစာန်သူစီ ဟိဂ်ျရီ(၃၆၀)ကွယ်လွန်က
ရေးခဲ့တာဖြစ်တယ်။
မာန့်လာယဟ်ဒုရုဟုလ်ဖကီးဟ်(من لا يحضره الفقيه
အမည်ရှိကျမ်းကိုတော့ ရှီအဟ်ပညာရှင်အလ်ကုမ္မီ
ဟိဂ်ျရီ(၃၈၁)ကွယ်လွန်ကရေးခဲ့တာဖြစ်တယ်။
ရှီအဟ်ပညာရှင် အလ်ကာရှာနီဆပ်ကလည်းသူ၏
အလ်ဝါဖီကျမ်း မှာ ဒီကျမ်း(၄)ကျမ်းဟာရှီအဟ်များထံ မှန်ကန်ကြောင်းအသိအမှတ်ပြုထားသည်
ဟု ဝန်ခံရေးသားထားတာတွေ့ရတယ်။
قال محمد بن الحسن فيض الكاشاني في كتابه " الوافي "( 1/11): ( إنّ مدار الأحكام الشرعية اليوم على هذه الأصول الأربعة [ أي : الكافي والإستبصار والتهذيب ومن لا يحضره الفقيه] وهو المشهود عليها بالصحة من مؤلفيها ).
ရှီအဟ်များထံ စွဟီးဟ်ဟဒီးစ်ဟူသည်
ရှီအဟ်များထံ ဟဒီးစ်တစ်ပုဒ်၏စွဟီးဟ်မှန်ကန်ခိုင်လုံကြောင်းကို သတ်မှတ်ရာ၌ "စံပေတံ"အဖြစ်
၁-အဒါလသ် ယုံကြည်စိတ်ချရသူဖြစ်ရမယ်။
၂-ဒွဗ်သ်ွ-ဉာဏ်ရည်မြင့်မားသူဖြစ်ရမယ်။
၃-ရှီအဟ်အိမာမီယဟ်ဂိုဏ်းဝင်ဖြစ်ရမယ်။ဟူ၍
စည်းကမ်းချက်(၃)ချက်သတ်မှတ်ထားပါတယ်။
ရှီအဟ်ပညာရှင်အလ်အာမေလီဆပ်က အဲ့သည်
အတိုင်းသာသူ၏ ဝစာအိလုလ်ရှီအဟ်ကျမ်းမှာ
ရေးထားတာကိုတွေ့ရတယ်။
يقول الحر العاملي في كتابه " وسائل الشيعة " ( ج 30 ص: 260) أن بعض علماء الشيعة يعرفون الحديث الصحيح بأنه : ((ما رواه العدل ، الإماميّ ، الضابط ، في جميع الطبقات )).
(တစ်နည်းဆိုရသော် ရာဝီဆင့်ပြန်သူဟာ ရှီအဟ်အိ
မာမီယဟ်ဂိုဏ်းဝင်မဟုတ်ရင် သူဆင့်ပြန်သည့်ဟဒီး
စ်ကို ပယ်ချပါတယ်။မှန်နေပါစေလက်မခံပါဘူး)
စွန္နီမှာတော့ ရှီအဟ်ကဆင့်ပြန်ပါစေမှန်ရင်လက်ခံပါ
တယ်။ ဗုခါရီကျမ်းမှာ ရာဝီဆင့်ပြန်သူတချို့ထဲရှီအ
ဟ်များပါဝင်နေတာက အကြီးမားဆုံးသက်သေပါ။
သို့သော်လည်းဗုခါရီ|မွတ်စ်လင်မ်ကျမ်းလာဟဒီးစ်
ဆင့်ပြန်သူရှီအဟ်များသည် နှောင်းခေတ်ရှီအဟ်
များကဲ့သို့ သမ္မတကြီးအဗူဗက္က်ရ်နှင့်အုမရ်(ရသွိ)တို့
(၂)ပါးအားကာဖိရ်အဖြစ်သတ်မှတ်ထားကြသည့်
အစွန်းရောက်ရှီအဟ်များမဟုတ်ပါ။အဲ့သည်လိုအစွန်းရောက်ရှီအဟ်ရာဝီတွေရဲ့ဟဒီးစ်ဆင့်ပြန်
ချက်ကတော့စွန္နီဟဒီးစ်ကျမ်းတွေမှာအနံ့အသက်
ပင်တွေ့ရမည်မဟုတ်ပါ။ ရှေးကျသောရှီအဟ်တွေ
ဟာ သမ္မတကြီးအုစ်မာန်း(ရသွိ)ထက်သမ္မတကြီး
အလီက သမ္မတရာထူးကို တတိယနေရာမှာဆက်ခံ
ထိုက်သူဖြစ်တယ်လို့သာယုံကြည်သူတွေဖြစ်တယ်။
ကျန်စွဟာဗဟ်များကို လအ်နသ်ထိုင်မပို့ကြပါ။
စွန္နီဟဒီးစ်ပါရဂူကြီးအိဗ်နိုဟဂျရ်ကလည်းထိုနည်း
အတိုင်းသာ ယခင်ရှီအဟ်နှင့်ယခုနှောင်းခေတ်ရှီအ
ဟ်များဟာမတူကြောင်းရေးပါတယ်။
قال الحافظ ابن حجر رحمه الله :
" التشيع في عرف المتقدمين هو اعتقاد تفضيل علي على عثمان ، وأن عليا كان مصيبا في حروبه ، وأن مخالفه مخطئ ، مع تقديم الشيخين وتفضيلهما ، وربما اعتقد بعضهم أن عليا أفضل الخلق بعد رسول الله صلى الله عليه وسلم ، وإذا كان معتقد ذلك ورعا دينا صادقا مجتهدا فلا ترد روايته بهذا ، لا سيما إن كان غير داعية .
وأما التشيع في عرف المتأخرين فهو الرفض المحض ، فلا تقبل رواية الرافضي الغالي ولا كرامة " انتهى .
"تهذيب التهذيب" (1/81) .
ဟဒီးစ်ဘုရင်ကြီးအိဗ်နိုဟဂျရ်ဟာ ဗုခါရီအကျယ်
ပြန်နိဒါန်းကျမ်းမှာ ဗုခါရီကျမ်း၌ပါရှိသောရှီအဟ်
ရာဝီများစာရင်းကို ယခုလို အခန်းဖွဲ့ရေးသားထား
တာတွေ့ရပါလိမ့်မယ်။
" أسماء جميع من وُسِموا بالتشيع من رواة البخاري .
ရှီအဟ်ဟဒီးစ်ကျမ်း(၄)ကျမ်းမှာစုစုပေါင်းဟဒီးစ်
အရေအတွက်က (၄၃၃၂၁)ပုဒ်ရှိပါတယ်။
ရှီအဟ်ဟဒီးစ်ကျမ်း(၄)ကျမ်းမှာတမန်တော်မြတ်
ကြီး ﷺ၏မိန့်ကြားချက်ဟဒီးစ်မုစ်နဒ်က(၆၄၄)ပုဒ်
သာရှိတယ်။ဟဒီးစ်ပေါင်း(၄)သောင်းကျော်မှာ
တမန်တော့်မိန့်ကြားချက်မုစ်နဒ်ဟဒီးစ်က(၆)ရာ
ကျော်သာပါတယ်။ အံ့ဖွယ်ကိစ္စကတော့ ရှီအဟ်တို့
၏အမြင့်မြတ်ဆုံးသောဟဒီးစ်ကျမ်းအလ်ကာဖီ
မှာ ဟဒီးစ်ပေါင်း(၁၅၁၇၆)ပုဒ်ရှိပြီး တမန်တော်မြတ်
၏မိန့်ကြားချက်ဟဒီးစ်က (၉၂)ပုဒ်သာရှိတယ်။
အဟ်လေဗိုင်သ်နောက်လိုက်လို့ခံယူကြပြီးယင်းအဟ်လေဗိုင်သ်အိမ်တော်သူအိမ်တော်သားများ၏
အိမ်ရှင်ဖြစ်သူတမန်တော်မြတ်ကြီး ﷺကနေဟဒီးစ်
များဆုပ်ကိုင်ထားခြင်းမရှိရင်ဘာထူးမှာလဲ
ဂျအ်ဖွရ်စွာဒိက်ရဲ့မိန့်ကြားချက်ရိဝါယသ်ကတော့
အလ်ကာဖီတစ်ကျမ်းထဲမှာ (၉၂၁၉)ပုဒ်တွေ့ရတယ်
#ပို၍ထူးဆန်းသည့်အချက်ကဖာသွိမဟ်(ရသွိ)
ရဲ့ရိဝါယသ်ဆင့်ဆိုချက်တစ်ခုမှ အထက်ရှီအဟ်
ကျမ်းကြီး(၄)ကျမ်းမှာမတွေ့ရပါ။
စွန္နီဟဒီးစ်ကျမ်းကြီး(၉)ကျမ်းမှာတော့ဖာသွိမဟ်(ရ
သွိ)၏ရိဝါယသ်(၁၁)ပုဒ်တွေ့ရပြီး မုစ်နဒ်အဟ်မဒ်
ကျမ်းတစ်ကျမ်း၌ပင်(၇)ပုဒ်တွေ့ရပါတယ်။
ဘယ်သူတွေက အဟ်လေဗိုင်သ်ကိုပိုချစ်ပါသလဲ
ထို့ပြင်ရှီအဟ်ဟဒီးစ်ကျမ်း(၄)ကျမ်းမှာသမ္မတကြီး
အလီ(ရသွိ)၏ရိဝါယသ်(၆၉၀)ခန့်လာရှိတာတွေ့ရ
ပါတယ်။ စွန္နီဟဒီးစ်ကျမ်း(၉)ကျမ်းမှာ သမ္မတကြီး
အလီ(ရသွိ)၏ဟဒီးစ်(၁၅၈၃)ပုဒ်ကိုဖော်ပြထားတာ
တွေ့ရပါတယ်။ အလီ(ရသွိ)ကို ဘယ်သူတွေကပို၍
တန်ဖိုးထားချစ်ခင်ပါသလဲ
အမှန်တော့ စွန္နီဟဒီးစ်ကျမ်း(၉)ကျမ်းမှာ
သမ္မတကြီးအဗူဗက္က်ရ်(ရသွိ)၏ဟဒီးစ်(၂၁၀)သာ
ရှိပါတယ်။
သမ္မတကြီးအုမရ်(ရသွိ)၏ဟဒီးစ်(၉၇၇)ပုဒ်သာ
ပါရှိတယ်။
သမ္မတကြီးအုစ်မာန်း(ရသွိ)၏ဟဒီးစ်(၃၁၃)ပုဒ်
သာပါရှိတယ်။ အလီ(ရသွိ)ဆီကနေလာရှိသော
ဆင့်ဆိုချက်ဟာ ကျန်သမ္မတ(၃)ပါးထက်များနေတာ
ကို စွန္နီကျမ်းတွေမှာ သင်မြင်ရပြီဖြစ်တယ်။
မုစ်နဒ်အဟ်မဒ်ကျမ်းတစ်ကျမ်းမှာပဲအလီ(ရသွိ)၏
ဟဒီးစ်(၈၀၄)ပုဒ်ကိုဖော်ပြထားတယ်။ ရှီအဟ်ကျမ်း
(၄)ကျမ်းမှာမှစုစုပေါင်း(၆၉၀)သာပါတယ်။
ဘယ်သူတွေအလီ(ရသွိ)ဆီက ဟဒီးစ်အများဆုံး
ဆင့်ပြန်ရယူထားပါသလဲ ရှီအဟ်လား|စွန္နီလား
ထို့ပြင်ရှီအဟ်ကျမ်း(၄)ကျမ်းမှာ ဟစာန်(ရသွိ)၏
ဟဒီးစ်(၂၁)ပုဒ်သာတွေ့ရပြီး စွန္နီကျမ်း(၉)ကျမ်း
မှာ (၃၅)ပုဒ်တွေ့ရပါတယ်။မုစ်နဒ်အဟ်မဒ်ကျမ်း
တစ်ကျမ်းတည်းမှာဟစာန်၏ရိဝါယသ်(၁၈)ပုဒ်
တွေ့ရပါတယ်။ အဲ့သည်တော့ ဟစာန်(ရသွိ)ဆီက
နေလည်း ဟဒီးစ်အများဆုံးဆင့်ပြန်ရယူတာဟာ
စွန္နီတွေပါပဲ။
ဟုစိုင်န်(ရသွိ)ရဲ့ရိဝါယသ်ကိုတော့ရှီအဟ်ကျမ်းကြီး
(၄)ကျမ်းမှာ (၇)ပုဒ်သာတွေ့ရတယ်။စွန္နီကျမ်းကြီး
(၉)ကျမ်းမှာ စုစုပေါင်း(၄၃)ပုဒ်အထိဖော်ပြထားတာ
တွေ့ရတယ်။ မုစ်နဒ်အဟ်မဒ်တစ်ကျမ်းတည်းမှာပင်
(၁၈)ပုဒ်အထိတွေ့ရတော့ ရှီအဟ်ကျမ်း(၄)ကျမ်းပါ
အရေအတွက်ထက် တစ်ပုဒ်ပင်များနေသေးတယ်။
ဟုစိုင်န်(ရသွိ)ဆီကဟဒီးစ်အများဆုံးဘယ်သူဆင့်
ပြန်ထားတာပါလဲ
ကဲအခု ကျန်ရှိနေသေးသည့်အဟ်လေဗိုင်သ်ဝင်တွေ
ရဲ့ရိဝါယသ်တွေနှင့်ကျန်စွဟာဗဟ်များ၏ရိဝါယသ်ေတွကိုနှိုင်းယှဉ်လေ့လာကြည့်ရအောင်ပါ။
ဗုခါရီနဲ့စပြီး ယှဉ်ထိုးကြည့်ပါမယ်။
ဇိုင်နုလ်အာဗေဒီန်၏ရိဝါယသ် ဗုခါရီမှာ(၂၅)ပုဒ်
ရှိတယ်။ သမ္မတကြီးအုစ်မာန်း၏ရိဝါယသ်လည်း
ဗုခါရီမှာ(၂၅)ပုဒ်သာရှိတယ်။ အဲ့တော့ တန်းတူပဲ။
မွတ်စ်လင်မ်ကျမ်းကိုကြည့်မယ်။ မွတ်စ်လင်မ်ကျမ်း
မှာဇိုင်နုလ်အာဗေဒီန်၏ရိဝါယသ်က(၁၅)ပုဒ်|ဗာကိ
ရ်၏ရိဝါယသ်က(၁၉)ပုဒ်|စွာဒိက်၏ရိဝါယသ်က
(၁၇)ပုဒ်တွေ့ရတယ်။ ကဲ မွတ်စ်လင်မ်ကျမ်းမှာသမ္မ
တကြီးအဗူဗက္က်ရ်၏ဟဒီးစ်ဘယ်နှစ်ပုဒ်လောက်ရှိ
လိမ့်မည်လို့ လူကြီးမင်းများထင်ပါသလဲ။
(၉)ပုဒ်သာရှိပါတယ်ဗျာ။ သိရ်မေဇီကျမ်းကိုကြည့်
မလား။ ဗာကိရ်၏ရိဝါယသ်(၂၃)ပုဒ်|စွာဒိက်၏ရိဝါ
ယသ်(၂၀)ပုဒ်တွေ့ရမယ်။ သမ္မတကြီး(၂)ပါးဖြစ်
သည့် အဗူဗက္က်ရ်နှင့်အုစ်မာန်း(ရသွိ)တို့၏ရိဝါယသ်
ဘယ်နှစ်ပုဒ်ရှိမယ်ထင်လဲ သိရ်မေဇီကျမ်းမှာ
အဗူဗက္က်ရ်၏ရိဝါယသ်(၂၂)နှင့်အုစ်မာန်း၏ရိဝါယ
သ်(၉)ပုဒ်သာရှိပါတယ်။ အဲ့သည်တော့ ဗာကိရ်ဆီက
ရိဝါယသ်ဟာ အများဆုံးဖြစ်မနေဘူးလား
နစာအီကိုကြည့်မလား။ နစာအီမှာ ဗာကိရ်၏ရိဝါယ
သ်ဟဒီးစ်က(၅၆)ပုဒ်|စွာဒိက်၏ရိဝါယသ်က(၄၄)ပုဒ်
တွေ့ရလိမ့်မယ်။အဗူဗက္က်ရ်၏ ရိဝါယသ်(၂၂)ပုဒ်သာ
ရှိပြီး အုစ်မာန်း၏ရိဝါယသ်(၂၇)သာရှိတယ် ။
အဲ့သည်တော့နစာအီမှာလည်းဗာကိရ်နှင့်စွာဒိက်တို့
၏ရိဝါယသ်သာ များနေတာတွေ့ရမယ်။
အဲ့သည်အတိုင်းပင် အဗူဒါဝူးဒ်နှင့်အိဗ်နိုမာဂျဟ်ကို
ကြည့်မလား ဗာကိရ်နှင့်စွာဒိက်တို့၏ရိဝါယသ်က
သာ ကျန်စွဟာဗဟ်များထက်များနေတာတွေ့ရလိမ့်
မယ်။ ဆိုလိုတာက စွန္နီပညာရှင်တွေဟာ အဟ်လေ
ဗိုင်သ်ဆီကနေ ရှီအဟ်တွေထက် ဟဒီးစ်အများဆုံး
ဆင့်ပြန်ရယူကြသူတွေဖြစ်တယ်။အဟ်လေဗိုင်သ်
တွေကို အမုန်းထားသူတွေမဟုတ်ပါ။ စွန္နီဟဒီးစ်
ကျမ်းကြီး(၉)ကျမ်းမှာသမ္မတကြီးအဗူဗက္က်ရ်(ရသွိ)
၏စုစုပေါင်းဟဒီးစ်(၂၁၀)သာတွေ့ရမယ်။
ဗာကိရ်၏ဆင့်ပြန်ချက်ဟဒီးစ်ကိုတော့(၂၂၉)ပုဒ်
ရှိတာတွေ့ရလိမ့်မယ်။ စုဗ်ဟာနလ္လာဟ်
ဒါကြောင့်ရှီအဟ်ပညာရှင်နှစ်ဦးဖြစ်သည့် ဆိုင်ယိဒ်
မဟ်ဒီရူဟာနီနှင့်အာယသုလ္လာဟ်အလီအဟ်မဒီတို့
ရေးထားတဲ့ အဟ်လေဗိုင်သ်များထံမှစွန္နီတို့၏ဆင့်
ပြန်ချက်များဆိုတဲ့ကျမ်းမှာ စွန္နီတွေဟာ(၇၄၀)တိတိ
အဟ်လေဗိုင်သ်တွေဆီကနေ ဟဒီးစ်ဆင့်ပြန်ခဲ့ကြ
ကြောင်း ဝန်ခံရေးသားထားတယ်။
فقد جاء بمقدمة الكتاب وعنوانه كتاب أحاديث أهل البيت عن طرق أهل السنة الجزء1صفحه9إلى صفحه13...
ဒါလည်းပဲ စွန္နီတွေဟာ အဟ်လေဗိုင်သ်တွေကိုမချစ်
ဘူးဆိုပြီး လိမ်နေကြအုံးမည်လား။
အခုရှီအဟ်တို့ထံ အကျော်ကြားဆုံးဟဒီးစ်ကျမ်း
အလ်ကာဖီနှင့်စွန္နီတို့ထံအကျော်ကြားဆုံးဟဒီးစ်
ကျမ်း ဗုခါရီကို ယှဉ်ကြည့်မယ်။
အလ်ကာဖီကျမ်းမှာ ဟဒီးစ်ပေါင်း(၁၅၁၇၆)ပုဒ်ရှိ
တယ်။တချို့အဆိုအရ(၁၆၁၉၉)ပုဒ်ရှိတယ်။
အဲ့သည်ထဲက (၉၄၈၅)ပုဒ်ဟာ ဒွအီးဖ်ဖြစ်နေတယ်။
ခိုင်မာမှုမရှိပါတဲ့။ ရှီအဟ်ပညာရှင်فخر الدين الطريحي
အမည်ရှိပုဂ္ဂိုလ်ကပြောတာနော်။ စွန္နီဗုခါရီနှင့်မွတ်စ်
လင်မ်ကျမ်းလာဟဒီးစ်မရ်ဖူးအ်အကုန်ဟာ စွဟီးဟ်
မှန်ကန်ခိုင်လုံသောဟဒီးစ်များသာဖြစ်တယ်။
ခေတ်ပြိုင်ပညာရှင်တို့၏ဝေဖန်ခံရတဲ့ဟဒီးစ်ဟာ
(၇)ပုဒ်ထက်မပိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်အလ်ကာဖီ
ထက် အဆပေါင်းများစွာ မှန်ကန်နေပါတယ်။
တမန်တော်၏မိန့်ကြားချက်အဖြစ်ရှီအဟ်ကျမ်း(၄)
ကျမ်းမှာစုစုပေါင်းဟဒီးစ်(၆၄၄)ပုဒ်လာတယ်။
အများစုဟာ မုရ်စလ် စနဒ်လမ်းကြောင်းပြတ်တော
က်နေသည့် မှန်ကန်မှုမရှိသောဟဒီးစ်များသာတွေ့ရ
တယ်။ အချုပ်ပြောရရင်
ဗုခါရီကျမ်းမှာစွဟီးဟ်|ဟစာန်ဟဒီးစ်ဟာ 100 % !
မွတ်စ်လင်မ်မှာစွဟီးဟ်|ဟစာန်ဟဒီးစ်ဟာ100 % !
မှနိကန်သောဟဒီးစ်များဖြစ်နေတာကိုတွေ့ရမယ်။
ကုလိုင်နီရှီအဟ်၏အလ်ကာဖီမှာ 41.5ရာခိုင်နှုန်း
သာရှိတယ်။ (فخر الدين الطريحيရှီအဟ်ပညာရှင်၏
ဝန်ခံချက်အရဖြစ်တယ်) ရှီအဟ်ပညာရှင်တစ်ဦး
ဖြစ်သူمحمد باقر البهبوديအဆိုအရ အလ်ကာဖီ
ရှီအဟ်ကျမ်းမှာ 27.9ရာခိုင်နှုန်းသာမှန်သတဲ့။
ရှီအဟ်ပညာရှင်အလ်ဗဟ်ဗူဒီဆပ် စွဟီဟ်အလ်ကာဖီဆိုပြီး ကျမ်းပါတစ်ကျမ်းထုတ်ရေးရသေးတယ်။
တစ်ဖန် ရှီအဟ်တို့ထံအခိုင်မာဆုံးသောဟဒီးစ်ကျမ်း
ဖြစ်တဲ့ အလ်ကာဖီနှင့်ပတ်သက်၍ရှီအဟ်ပညာရှင်
များ၏အကွဲအလွဲကိုလည်း မြည်းကြည့်ပါ။
ရှီအဟ်ဟဒီးစ်ကျမ်းအလ်ကာဖီဟာ ရှီအဟ်တချို့
ပညာရှင်တွေထံ အတွဲပေါင်း(၃၀)ရှိတယ်လို့ရေး
ကြတယ်။ ရှီအဟ်ပညာရှင် အသ်သူစီဆပ်ကအဲ့
သည်အတိုင်းယခုလိုရေးထားတာတွေ့ရတယ်။
فشيخ الطائفة الطوسي المتوفى سنة (360هـ) يقول:
(كتاب الكافي مشتمل على ثلاثين كتاباً أخبرنا بجميع رواياته الشيخ .. ) انتهى كلامه " الفهرست" (ص 161).
ပြီးတော့ရှီအဟ်ပညာရှင် ဟုစိုင်န်ဗင်န်ဟိုင်ယ်ဒရ်က
အတွဲပေါင်း(၅၀)ရှိတယ်လို့ဆိုပြန်တယ်။
بينما يقول شيخ الشيعة الثقة حسين بن حيدر الكركي العاملي المتوفى سنة (1076هـ):
(إن كتاب الكافي خمسون كتاباً بالأسانيد التي فيه لكل حديث متصل بالأئمة)
လက်ရှိပုံနှိပ်ထုတ်ဝေထားတဲ့အလ်ကာဖီရှီအဟ်
ဟဒီးစ်ကျမ်းကတော့(၈)တွဲသာတွေ့ရတယ် ။
စွန္နီတို့၏အခိုင်မာဆုံးသောဟဒီးစ်ကျမ်းဖြစ်သည့်
ဗုခါရီကျမ်းမှာ ကြိမ်ဖန်များစွာလာရှိသည့်ဟဒီးစ်
များကိုပါထည့်ပေါင်းရင် ဟဒီးစ်ပေါင်း(၇၅၇၃)ပုဒ်
ရှိပြီး ဘယ်စွန္နီပညာရှင်ကမှ ဗုခါရီကျမ်းကို စွဟီးဟ်
ဗုခါရီနှင့်ဒွအီးဖ်ဗုခါရီဟူ၍ ခွဲပြီးယနေ့အထိထုတ်
ဝေထောက်ပြခဲ့ခြင်းမရှိပါ။ စွဟီးဟ်ဗုခါရီဟူ၍သာ
ပုံနှိပ်ထုတ်ဝေနေကြပါတယ်။
ဒီလောက်ဆို သဘောပေါက်ကြပြီလို့ထင်ပါတယ်။
ထောက်ပြစရာကတော့ရေးရင်စာအုပ်ပါတစ်အုပ်
ဖြစ်သွားပါလိမ့်မယ်။ယခုလိုရေးရတာက စွန္နီတို့
အနက်ရှီအဟ်များနှင့်အတူဆုံးဖြစ်သည့်အုပ်စု
ဖြစ်သော ဗရေလဝီအုပ်စု၏ ရှီအဟ်ယောင်ယောင်
ရေးသားချက်တချို့နောက်သို့မလိုက်မိစေရန်
ဖြစ်ကြောင်းပါ။
ကျမ်းကိုး ။ ။
رسائل السنة والشيعة لرشيد رضا.
الأضواء الكاشفة لما في كتب الشيعة من أسانيد ومرويات.
نماذج لرواة ورجال وأسانيد الشيعة الذين نقلوا إلينا تراث أئمة أهل البيت مقالة علمية.
المقارنة بين البخاري و الكافي من شبكة الدفاع عن السنة.
مرويات أهل البيت في كتب السنة.
الشيعة والسنة -إحسان إلهي ظهير الباكستاني (ت ١٤٠٧هـ.
الشيعة وأهل البيت -إحسان إلهي ظهير الباكستاني (ت ١٤٠٧هـ)
"صحيح كتاب الكافي"للبهبودي.