Sunday, August 6, 2023

ကျမ်းတော်မြတ်ကုရ်အာန်၏သွန်သင်ရာ






ကျမ်းတော်မြတ်ကုရ်အာန်၏သွန်သင်ရာ

မူရင်းရေးသားသူ - Abu Zakariya
 

ဘာသာပြန်ဆိုသူ  - Known Islam အဖွဲ့သားများ
 

စာအုပ် size - 2 MB
Download links :

One Drive  - https://bit.ly/4eMQRoJ

Media Fire -  https://bit.ly/3NE1RJ9

ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်းဟာ ဟရာ မ်ဖြစ်ပါသလား❓❓❓

 

မ်ဖြစ်ပါသလား❓❓❓
(အသိထဲကကော မသိသူများထဲကပါ (၁၀)ဦးခန့်
လောက် Messengerကနေမေးလာကြသောကြောင့်
လေ့လာမိသလောက် ဖြေပေးပါ့မယ်))))👇👇
ဒီမတ်စ်အလဟ်မှာ ပညာရှင်တွေအမြင်တွေကွဲနေ
ကြတာတွေ့ရတယ်။ တချို့ကမက္က်ရူဟ်လို့ဆိုကြ
တယ်။တချို့ကဟရာမ်လို့ဆိုကြတယ်။တချို့က
မုဗာဟ်လို့ဆိုကြတယ်။ အရဗ်ကမ္ဘာက ပညာရှင်
ကြီးအများစုကတော့ ကွမ်းစားခြင်း|ဆေးလိပ်သော
က်ခြင်းဟာ ဟရာမ်လို့ ဆုံးဖြတ်ကြပါတယ်။
ကျွန်တော့်လေ့လာမှုအရ ကွမ်းစားခြင်း|ဆေးလိပ်
သောက်ခြင်းဟာ ဟရာမ်ဖြစ်ကြောင်းဖသ်ဝါပေး
သည့် ပညာရှင်များ၏ အဆိုဟာ ဦးစားပေးသင့်
သောအဆိုဟု မှတ်ယူပါတယ်။ အကြောင်းက👇
1️⃣ကွမ်းကို ကျွန်တော်ကိုယ်တိုင် စားသုံး‌နေသူဖြစ်
၍ ကွမ်း၏ဆိုးကျိုးကို ကောင်းကောင်းသိပါတယ်။
(ဖြတ်၍ပင်မပြတ်လောက်သည့် အခြေအနေမှာရှိ
နေပေမဲ့ ကွမ်းစားခြင်းဟရာမ်ဟူသောအချက်ကို
တော့ ထောက်ခံလျှက်ပါ။ ကျွန်တော်စားနေလို့ဆိုပြီး
ဟရာမ်တစ်ခုက ဟလာလ်ဖြစ်မသွားပါ။ ကျွန်တော်
မုသားပြောနေလို့ဆိုပြီး မုသားတစ်ခုက ဟလာလ်ဖြစ်မလာပါ။ ကျွန်တော်ဟာကျွန်တော်သာဖြစ်တယ်။ရှရီအသ်ဟာ ရှရီအသ်သာဖြစ်တယ်။
မိမိ ယတိပြတ်မရှောင်နိုင်သေးသည့်ကိစ္စဆိုရင်
လည်း တားမြစ်ရမယ်ဆိုသည့်အောက်ပါဟဒီးစ်အရ
သာဖြစ်ပါတယ်။ 👇
فَقَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «مُرُوا بِالْمَعْرُوفِ وَإِنْ لَمْ تَعْمَلُوا بِهِ كُلِّهِ، وَانْهَوْا عَنِ الْمُنْكَرِ وَإِنْ لَمْ تَنَاهَوْا عَنْهُ كُلِّهِ»
2️⃣ကွမ်းစားခြင်း|ဆေးလိပ်သောက်ခြင်းမှာ လူသား
အတွက်မည်သည့် ကောင်းကျိုးမှမရှိပါ။စားသုံးသူ
၏သက်အန္တရာယ်ဖြစ်စေနိုင်သည်အထိ ဆုံးရူံးနစ်နာ
စေနိုင်သည့် ဆိုးကျိုးများသာရှိတယ်။ ထို့ပြင် မိမိ
နေထိုင်သည့် လူ့ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်
ပါတယ်။ အစ္စလာသာသနာဟာ လူသားတို့၏အသ
က်အိုးအိမ်စည်းစိမ်ကို အလွန်ထိန်းသိမ်းသောသာသ
နာတော်ကြီးဖြစ်တယ်။ လူ့အသက်အန္တရာယ်ရှိလာ
ချိန် သာသနာ့ကိစ္စများစွာကို လျော့ပေါ့ပေးလိုက်
သည့် သာသနာလည်းဖြစ်တယ်။ရေကိုင်လို့ နေမ
ကောင်းဖြစ်မယ်ဆို မြေခဲဖြင့် သယမွမ်လုပ်ခွင့်ပြု
ပါတယ်။ ဟလာလ်အစားအသောက်မရှိသည့်အချိ
န်ဟရာမ်အစားအသောက်သာရှိပြီး ယင်းဟရာမ်အ
သားကိုသာ မစားပါက အသက်အန္တရာယ်စိုးရိမ်ရ
သည်ဟု ယုံကြည်ရရင် ဟရာမ်ဖြစ်သည့်အသေ
သားပင် အသက်ရှင်ရုံမျှ စားခွင့်ပြုထားပါတယ်။
အဲ့သည်လောက် လူ့အသက်ကို တန်ဖိုးထားသည့်
သာသနာတော်ဖြစ်ပါတယ်။ ယခု ကွမ်းစားခြင်း|
ဆေးလိပ်သောက်ခြင်းမှာ အသက်ကိုသေစေနိုင်
သည့် ရောဂါဝေဒနာများဖြစ်ပေါ်စေနိုင်ကြောင်း
ဆေးပညာရှင်များက တစ်ညီတစ်ညွတ်တည်းဆုံး
ဖြတ်ထားသလို လက်တွေ့မြေပြင်မှာလည်း မြင်နေ
ရပါတယ်။ ကွမ်းစားခြင်းဖြင့် ခံတွင်းကင်ဆာ|လည်
ချောင်းကင်ဆာ|သွားဖုံးကင်ဆာ|လျှာကင်ဆာများ
ခံစားနေရပြီး ဓာတ်ကင်နေရသူပေါင်းများစွာကို
ဆေးရုံတွေမှာ မြင်ရပါလိမ့်မယ်။ ထို့အတူ ဆီးလမ်း
ကြောင်းကျောက်တည်ခြင်း|ကျောက်ကပ်၌ကျော
က်တည်ခြင်းစသည့်ဝေဒနာများလည်းခံစားရနိုင်
ပါတယ်။ ဆေးလိပ်သောက်ခြင်းမှာလည်း အဆုပ်
ကင်ဆာ|အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ
ဖြစ်ပေါ်စေသည်မှာလည်း လက်တွေ့ပင်ဖြစ်သည်။
3️⃣လူသား၏ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဆိုးကျိုးဖြစ်စေ
ခြင်း|မဖြစ်စေခြင်းဟူသော ကိစ္စသည် ဖိကဟ်ဓမ္မသ
တ်ပညာရှင်များ၏အရေးကိစ္စမဟုတ်ပဲ ကျွမ်းကျင်
ဆေးပညာရှင်များ၏ အရေးကိစ္စပင်ဖြစ်၍ ထိုနေရာ
၌ ဆေးပညာရှင်များ၏ ဆုံးဖြတ်ချက်သာအရေးပါ
ကြောင်း ကုရ်အာန်အာယသ်များကိုးကား၍ အလ္လာ
မဟ်ကရ်ဒွါဝီ(رحمه الله) (ကာတာနိုင်ငံမုဖ်သီချုပ်)က
ဆေးလိပ်သောက်ခြင်း|ကွမ်းစားခြင်းနှင့်ပတ်သက်
၍သတိပေးချက်ထုတ်ပြန်ရာဆောင်းပါး၌ ယခုလို
ဖသ်ဝါပေးထားသည်ကို တွေ့ရ၏။ 👇
وهنا نقول: إن إثبات الضرر البدني أو نفيه في "الدخان" ومثله مما يتعاطى ليس من شأن علماء الفقه، بل من شأن علماء الطب والتحليل، فهم الذين يُسألون هنا؛ لأنهم أهل العلم والخبرة.. قال تعالى: {فَاسْأَلْ بِهِ خَبِيرًا}، وقال: {وَلا يُنَبِّئُكَ مِثْلُ خَبِيرٍ}.
ဒါကြောင့်ယင်းကိစ္စမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည်
ကုရ်အာန်-ဟဒီးစ်မဟုတ်၍ သူတို့ဆုံးဖြတ်ချက်ကို
လက်ခံစရာမလိုပါဟု ပြောဆိုရေးသားသူများသည်
ရှရီအသ်၏ရည်ရွယ်ချက်ကို နားမလည်သူများ(သို့)
ကွမ်းကြိုက်|ဆေးလိပ်ကြိုက်သူများဟူ၍သာမှတ်
ယူရမည်။ ကာတာမုဖ်သီချုပ်အလ္လာမဟ်ကရ်ဒွါဝီက
လူသား၏ကျန်းမာရေးကို ထိခိုက်စေသည့် အရာ
မှန်သမျှသည့် ဟရာမ်အဖြစ်သတ်မှတ်ရမည်ဖြစ်ပြီး
ယင်းကိစ္စကိုဆရာဝန်များ၏အယူအဆအတိုင်းသာ
ဖိကဟ်ဓမ္မသတ်ဆရာများက အမိန့်ထုတ်ပြန်ရမည်
ဟု ဆက်၍ရေးသား၏။ 👇
وفي عصرنا ينبغي أن يتفق العلماء على الحكم، وذلك أن حكم الفقيه هنا يُبنى على رأي الطبيب، فإذا قال الطبيب إن هذه الآفة -التدخين- ضارة بالإنسان فلابد أن يقول الفقيه هذه حرام؛ لأن كل ما يضر بصحة الإنسان يجب أن يُحرَّم شرعًا، على أن من أضرار التدخين مالا يحتاج إثباته إلى طبيب اختصاصي ولا إلى محلل كيماوي، حيث يتساوى في معرفته عموم الناس من مثقفين وأميين.
4️⃣ကွမ်းစားခြင်း|ဆေးလိပ်သောက်ခြင်းကိုဟရာမ်
ဟုသတ်မှတ်ရခြင်း၏ အကြောင်းပြချက်👇
၁-ကိုယ်ခန္ဓာကို ဆိုးကျိုးဖြစ်စေခြင်းကြောင့်။
ဆိုးကျိုးဟုဆိုရာ၌ ချက်ချင်းဖြစ်ပေါ်သည်ဖြစ်စေ
ဖြည်းဖြည်းခြင်းဖြစ်ပေါ်သည်ဖြစ်စေ အတူတူပင်
ဖြစ်သည်။ 👇
ومن سديد ما قاله بعض العلماء هنا: أنه لا فرق في حرمة المضر بين أن يكون ضرره دفعيًّا (أي يأتي دفعة واحدة) وأن يكون تدريجيًا، فإن التدريجي هو الأكثر وقوعًا.
၂-ပစ္စည်းဥစ္စာကို ဖြုန်းတီး‌ဖျက်ဆီးပစ်ရာရောက်‌ေ
သာကြောင့်။ အဲ့သည် အချက်(၂)ချက်စလုံးကို ကုရ်
အာန်အရကော ဟဒီးစ်အရပါ တားမြစ်ထားပါတယ်
ကုရ်အာန်မှာအရှင်မြတ်ကမိန့်တော်မူတယ်။👇
قال الله تعالى: (وَلَا تَقْتُلُوا أَنْفُسَكُمْ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا) [النساء/29]
ထို့ပြင် အသင်တို့သည် အသင်တို့ကိုယ်အသင်တို့ သတ်ဖြတ်မှုလည်း မပြုကြနှင့်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။
ကြည့်-ကုရ်အာန် (၄:၂၉)
အရှင်မြတ်က မိန့်ကြားတော်မူ၏။ 👇
والله تعالى يقول: {ولا تلقوا بأيديكم إلى التهلكة} (البقرة:195)
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် သုံးစွဲကြပါ။ ထို့ပြင် အသင်တို့သည် မိမိကိုယ်မိမိ(အသင်တို့ကိုယ်အသင်တို့) ပျက်စီးမှုထဲတွင် မထည့်ကြနှင့်။ ကုရ်အာန် (၂:၁၉၅)
ဒီအာယသ်တွေမှာအလ္လာဟ်က မိမိကိုယ်မိမိ ပျက်စီး
အောင်မလုပ်ဖို့နှင့်သေကြောင်းကြံမိစေမည့်လုပ်ရပ်
မျိုးမလုပ်ကြဖို့ မိန့်ကြားထားပါတယ်။ကွမ်းစားခြင်း
ဆေးလိပ်သောက်ခြင်းဟာ အလွန်ပင်ကြောက်စရာ
ကောင်းသော ကင်ဆာရောဂါများကို ဖြစ်စေသည့်
အတွက် ယင်းအရာများသုံးစွဲခြင်းဟာ အထက်ပါ
အာယသ်များ၌အကျုံးဝင်နေပါတယ်။
ဟဒီးစ်မှာလည်းတမန်တော်မြတ်ﷺက" မိမိကိုယ်
မိမိထိခိုက်နစ်နာအောင်မလုပ်ရသလို တစ်ပါးသူကို
လည်း ထိခိုက်နစ်နာစေခြင်းမရှိစေရဟု"အောက်ပါ
အတိုင်းမိန့်ကြားထားပါတယ်။ 👇
قال النبي صلي الله عليه وسلم: "لا ضرر ولا ضرار"أخرجه الدارقطني في ((السنن)) (4541)، والحاكم في ((المستدرك)) (2345)، والبيهقي في ((السنن الكبرى)) (11384) مِن حديثِ أبي سعيدٍ الخُدْريِّ. صَحَّح إسنادَه الحاكمُ، وحسَّنَ الحديثَ النَّوويُّ في ((الأربعين النووية)) (32)، وقال ابن رجب في ((جامع العلوم والحِكَم)) (2/210): بَعضُ طُرُقِه تَقْوَى ببعضٍ، وصَحَّحه الألباني في ((إرواء الغليل)) (896).
ကြည့်-ဒါရာကုသ်နီကျမ်းဟဒီးစ်အမှတ်(၄၅၄၁)
ကြည့်-ဗိုင်ဟကီကျမ်းဟဒီးစ်အမှတ်(၁၁၃၈၄)
ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်ကိုကော မိမိနေထိုင်သည့် ပတ်ဝန်းကျင်ကိုပါ
ထိခိုက်နစ်နာစေပါတယ်။ အနံ့အသက်အားဖြင့်
လည်းဆေးလိပ်ဟာအလွန်ဆိုးရွားပြီး ကွမ်းယာ၌
ပါဝင်သည့် ဆေးအမျိုးမျိူးသည်လည်း ကွမ်းမစား
သူအဖို့ အလွန်ပင် အနံ့အသက်အားဖြင့်ဆိုးပါတယ်။
တမန်တော်မြတ် ﷺသည် ကြက်သွန်ဖြူ|ကြက်သွန်
နီစားထားသူအား သက်ဆိုင်ရာအနံ့အသက်မပျောက်မချင်း ဗလီအနားပင်မလာရဟုမိန့်ကြား
ထားကြောင်းဟဒီးစ်တွေမှာတွေ့ရပါလိမ့်မယ်။
အနံ့အသက်အားဖြင့်ကော|ဆိုးကျိုးအားဖြင့်ပါ
အလွန်ဆိုးယုတ်သည့် ဆေးလိပ်ကိုသာ နဗီခေတ်၌
ရှိခဲ့ပါက မည်သို့ မိန့်ကြားမည်သည်ကို စဉ်းစားလေ
ကုန်။ ❗
၃-ကွမ်းနှင့်ဆေးလိပ်သည် လူသားကို အကျိုးတစ်စုံ
တစ်ရာပေးခြင်းမရှိသည့်အတွက် ယင်းအရာ၂ခုအားသုံးစွဲရန် ဝယ်ယူသည့် ငွေကြေးများသည်
လည်း အကျိုးမရှိသည့်နေရာ၌ ဖြုန်းတီးခြင်းပင်
ဖြစ်သည်။ မိမိပစ္စည်းဥစ္စာကို ဖြုန်းတီးခြင်းဟာ
ကုရ်အာန်အရကောဟဒီးစ်အရပါ ဟရာမ်ဖြစ်ပါ
တယ်။ ကုရ်အာန်မှာ အရှင်မြတ်က မိန့်ပါတယ်။
ويقول الله عزوجل: {ولا تسرفوا إنه لا يحب المسرفين} (الأنعام:141)
၎င်းပြင် အသင်တို့သည် မဖြုန်းတီးကြနှင့်။ အမှန်စင်စစ် အရှင်မြတ်သည် ဖြုန်းတီးသောသူများကို နှစ်သက်တော်မမူပေ။ ကုရ်အာန် ၆း၁၄၁
၄-ကွမ်းနှင့်ဆေးလိပ်သည် သန့်စင်ခြင်းမရှိမသန့်
သောအရာများဖြစ်ပြီး လူတို့အားလည်းဆိုးကျိုး
ဖြစ်စေသည်။ ကုရ်အာန်က ယင်းသို့သောအရာများ
ကို ခွင့်မပြုပါ။ အရှင်မြတ်က မိန့်ကြား၏။👇
قال تعالى ( ويُحِلُّ لهم الطيبات ويُحَرِّمُ عليهم الخبائث ) الأعراف/ 157
၎င်းပြင် ထိုသူတို့အဖို့ စင်ကြယ်သောအရာများကို (စားသုံး)ခွင့်ပြုကာ မသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌ (စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။👉ကုရ်အာန် (၇:၁၅၇
5️⃣ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်းသည်
ရှရီအသ်တရားတော်အရ ဟရာမ်ဖြစ်ကြောင်းနှင့်
ယင်းအရာ(၂)ခုအားရောင်းချခြင်း|ဝယ်ယူခြင်းများ
သည်လည်း ဟရာမ်ဖြစ်ကြောင်း ကမ္ဘာ့ပညာရှင်များ
၏ ဖသ်ဝါဓမ္မသတ်ဆုံးဖြတ်ချက် လင့်ခ်များ👇
#ဆော်ဒီမုဖ်သီချုပ် ရှိုက်ခ်ဗင်န်ဗားဇ်၏ဖသ်ဝါ
#ကာတာမုဖ်သီချုပ် ရှိုက်ခ်ကရ်ဒွါဝီ၏ဖသ်ဝါ👇
ကာတာမုဖ်သီချုပ်၏ဖသ်ဝါ၌ ဆေးလိပ်သောက်
ခြင်းကို ခွင့်ပြုကြသူများ၏အကြောင်းပြချက်
ဖြစ်သော ကုရ်အာန်-ဟဒီးစ်၌ ယတိပြတ်မလာရှိ
ထား၍ဟရာမ်ဟုပြောမရပါဟူသောအချက်ကို
လည်းပြင်းပြင်းထန်ထန်ထုချေထားသည်ကိုတွေ့ရ
ပါတယ်။အာလင်မ်များလေ့လာသင့်ပါတယ်။👆
#အဇ်ဟရ်ကျောင်းအုပ်ကြီး အလီဂျွမ်အဟ်၏ဖသ်ဝါ👇👇👇👇👇👇👇👇👇👇👇👇👇👇
#မဇ်ဟဗ်(၄)ခုလုံးရှိပညာရှင်များ၏ ဖသ်ဝါ 👇
#Sudanနိုင်ငံ University of Khartoum တက္ကသိုလ်
၏ ပညာရှင်ကြီး အဗ်ဒုလ်ဟိုင်ယ်ယူဆွတ်ဖ်၏ဖသ်
ဝါ ထုတ်ပြန်ချက် 👇👇👇👇👇
များစွာသောကမ္ဘာ့ပညာရှင်ကြီးများ၏ဖသ်ဝါများ
ကျန်ရှိနေပေသေးသည်။ ပို့စ်ရှည်နေပြီဖြစ်၍မရေး
တော့ပြီ။ ။
🔴အနှစ်ချုပ်။။ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်
ခြင်းသည် ကျန်းမာရေးရူ့ထောင့်အရကော|ရှရီအသ်
တရားတော်လာ ဟရာမ်သတ်မှတ်သည့် စည်းကမ်း
ချက်များနှင့်ပါ ကိုက်ညီနေ၍ ယင်းအရာ(၂)ခုအား
သုံးစွဲခြင်း|ရောင်းချခြင်းများသည် ဟရာမ်ဖြစ်၏။
လုံးဝ ရှောင်ရှားရမည်ဖြစ်သည်။
⛔မှတ်ချက်။ ဟရာမ်ဟုဆိုရာ၌ ဟရာမ်တားမြစ်
ချက်များသည် တစ်ခုနှင့်တစ်ခုအဆင့်အားဖြင့်ကော
အပြစ်အားဖြင့်ပါမတူကြပါဘူး။ ဥပမာ ရှိရ်က်က
လည်းဟရာမ်ပါပဲ။သို့သော် ဟရာမ်များအနက်
အကြီးမားဆုံးသောပြစ်မှုဖြစ်သည်။ ထို့ပြင် မုသား
ပြောခြင်းသည်လည်း ဟရာမ်ပင်ဖြစ်သည်။ သို့သော် မုသားသည် ရှိရ်က်ယှဉ်တွဲကိုးကွယ်ခြင်း
လောက်အပြစ်အားဖြင့် ကြီးလေးသည်မဟုတ်ပါ။
ဆေးလိပ်နှင့်ကွမ်းသည် လူသားကို ဆိုးကျိုးပေး
သည့်နေရာ၌ ကွမ်းထက်ဆေးလိပ်က ပို၍ဆိုးသော
ကြောင့် ဟရာမ်ချင်းတူပေမဲ့လည်း အပြစ်အားဖြင့်
ဆေးလိပ်က ပို၍ဆိုးပါတယ်။ တစ်ဖန်ဟရာမ်၌
အမျိုးစားအားဖြင့်(၂)မျိုးရှိပြန်ပါတယ်။
တစ်မျိုးက محرم لذاتهဟုခေါ်ပြီး ကုရ်အာန်-ဟဒီးစ်၌
အမည်တပ်၍ ယတိပြတ်တားမြစ်ထားသည့်ဟရာမ်
အမျိုးအစားဖြစ်ပါတယ်။
ဒုတိယတစ်မျိုးက محرم لغيرهဟုခေါ်ပါတယ်။
သူကတော့ ကုရ်အာန်-ဟဒီးစ်၌ ယတိပြတ်အမည်
တပ်၍ဟရာမ်ပါဟု တားမြစ်ထားခြင်းလည်းမရှိ|
သူ၏မူလရင်းမြစ်သည်လည်းဟရာမ်မဟုတ်။
သို့သော် သူ့နှင့်အတူတခြားဖက်စပ်အရာများပါဝင်
လာသည့်အခါ ယင်းပြင်ပအရာများကြောင့်ဟရာမ်
ဖြစ်လာသည့် တားမြစ်ချက်မျိုးဖြစ်သည်။
ဥပမာ -ကွမ်းရွက်သည် မူလရင်းမြစ်၌ဟရာမ်မဟု
တ်ပါ။ ယင်းကွမ်းရွက်၌ တခြားလူသားတို့အားဆိုး
ကျိုးဖြစ်စေသည့် ဆေးရွက်ကြီးများထည့်၍ကွမ်း
ယာအဖြစ်ဖန်တီးသည့်အခါ ကွမ်းယာစားသုံးခြင်း
သည် ဟရာမ်ဖြစ်လာပေတော့သည်။ ဒီအကြောင်း
အသေးစိတ်ကိုတော့ အိမာမ်ဃဇာလီ၏အလ်အိဟ်
ရားအ်ကျမ်းနှင့် အိမာမ်အိဗ်နိုကုဒါမဟ်ရေးသားပြု
စုခဲ့သည့် مختصر منهاج القاصدينအမည်ရှိကျမ်းများ၌
လေ့လာနိုင်ကြောင်းပါ။ و الله أعلم
 
May be an image of hospital and textMay be an image of 1 person and text that says 'ကွမ်းစားခြင်း၏ ဆိုးကျိုးများ ခံတွင်းကင်ဆာ အတက်ရောဂါကိုပိုဆိုးစေခြင်း ရင်ကြပ်ရောဂါကို ပိုဆိုးစေခြင်း နှလုံးခုန်နှုန်းနှေးခြင်း ဆီးလမ်းကြောင်း ကျောက်တည်ခြင်း အစာအိမ်ရောဂါ Doctor Gofdna myanmarmu behealthy.'May be an image of text that says 'ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ ဆေးလိပ်သောက်တာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ထိခိုက်စေနိုင်ပါတယ်။ ကင်ဆာများ HEALTHY LIFĘ တွန်းမလှစ နာတာရှည်ရောဂါများ ဦးခေါင်း ဒါမှမဟုတ် လေဖြတ်ခြင်း လည်ပင်း မျက်စိမမြင်ခြင်း သွားဖုံး ပိုးဝင်ခြင်း အဆုတ် လူကေးမီးယား သွေးကင်ဆာ အစာအိမ် ကျောက်ကပ် ပန်ကရိယ အူမကြီး သွေးလွှတ်ကြောမကြီး ပေါက်ခြင်း နှလုံးရောဂါ နမိုးနီးယားအဆုတ်ရောင်ရောဂါ သွေးလွှတ်ကြောမာကျောခြင်း နာတာရှည် အဆုတ်ရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါ မျိုးအောင်နိုင်စွမ်း လျော့နည်းခြင်း တင်ပဆုံရိုးကျိုးခြင်း ဆီးအိတ် သားအိမ်ခေါင်း'May be an image of 1 person and text that says 'HEALTH MATTERS ကွမ်း၊ဆေးလိပ် အရက်နဲ့ ခံတွင်းကင်ဆာ BBC NEWS I မြန်မာ'