Friday, June 2, 2023

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်မသန့်ဖြစ်သည့်အခါ အစ္စလာမ့်တရားတော်က လမ်းညွှန်ထားသော ရေချိုးနည်း

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်မသန့်ဖြစ်သည့်အခါ အစ္စလာမ့်တရားတော်က လမ်းညွှန်ထားသော ရေချိုးနည်း

မေး။ကိုယ့်မသန့်ဖြစ်တဲ့အခါ ရေကို ဘယ်လိုချိုးရမလဲ။ တရားတော်မှာ ဘယ်လိုလာရှိသလဲဆိုတာ ရှင်းပြပေးပါ။

အဖြေ။ အလ်ဟမ်ဒုလိလ်လာဟ်။

အစ္စလာမ်တရားတော်မှာ ကိုယ်မသန့်ဖြစ်လို ရေချိုးတဲ့အခါ ဘယ်လိုရေချိုးရမလဲနဲ့ပတ်သက်ပြီး စနစ်တကျ လမ်းညွှန် ထားပါတယ်။

ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ် မိန့်ထား တော်မူပါတယ်။


‎قوله تعالى : ( وَإِن كُنتُمْ جُنُباً فَاطَّهَّرُواْ ) المائدة/6

ထိုပြင် အကယ်၍ အသင်တိုသည် ခန္ဓာကိုယ်မသန့်သူများဖြစ်ခဲ့ကြလျှင် (တစ်ကိုယ်လုံးကို)သန့်ရှင်းအောင်ပြုကြပါ။

(ကုရ်အာန် ၅:၆)


عن عائشة رضي الله عنها قالت : ( كَانَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيهِ وَسَلَّمَ ، إِذَا اغتَسَلَ مِنَ الجَنَابَةِ غَسَلَ يَدَيهِ وَتَوَضَّأَ وُضُوءَهُ لِلصَّلَاةِ ، ثُمَّ اغتَسَلَ ، ثُمَّ يُخَلِّلُ بِيَدِهِ شَعرَهُ ، حَتَّى إِذَا ظَنَّ أَنَّه قَد أَروَى بَشرَتَهُ ، أَفَاضَ عَلَيهِ المَاءَ ثَلَاثَ مَرَّاتٍ ، ثُمَّ غَسَلَ سَائِرَ جَسَدِهِ ) رواه البخاري (248) ومسلم (316) .
 တမန်တော်မြတ် ﷺ စွန္နဟ်မှာလည်း ဒီလိုလာရှိထားပါတယ်။

အာအိရှဟ်(ရသွိ)ဆင့်ပြန်တော်မူတယ်။ တမန်တော်မြတ် ﷺဟာ (ဂျနဗဟ်)ကိုယ်မသန့်ဖြစ်တဲ့အချိန် ရေချိုးမှုကို စတင်တဲ့အခါ ဦးစွာပထမ လက်နှစ်ဖက်ကို ဆေး ကြောတော်မူတယ်။ ဆွလာဟ်ဝတ်ပြုဖို ဝုဿူလုပ်တဲ့အခါလိုမျိုး ဝုဿူပြုလုပ်တော်မူတယ်။ပြီးတော့ ရေလောင်း
တယ်။ပြီးတော့ တမန်တော်မြတ် ﷺ ရဲ့လက်တော်ဖြင့်
ဆံပင်တွေကြား ထိုးသွင်းတော်မူတယ်။ဆံပင်အရင်းကိုရေရောက်အောင် ပြုလုပ်တော်မူလိုက်တယ်လိုတောင်
ထင်မိတယ်။ ရေကို ပြည့်ပြည့်ဝဝ သုံးကြိမ်လောင်းတော်မူတယ်။ပြီးတော့ တမန်တော်မြတ် ﷺ ဟာ
တစ်ကိုယ်လုံးကို ရေလောင်းချိုးတော်မူပါတယ်။

(ဗုခါရီ၊မုစ်လင်မ်ကျမ်း)

ရေချိုးနည်း အကျဉ်းချုပ်ကို တင်ပြရမယ်ဆိုရင်တော့-

၁။အတူနေပြီးတော့ ကိုယ်မသန့်ဖြစ်ခြင်း၊အိမ်မက်
မြင်မက်ပြီး ကိုယ်မသန့်ဖြစ်ခြင်း၊ဓမ္မတာသွေးဆင်းပြီး
ကိုယ်မသန့်ဖြစ်ခြင်း၊မီးဖွားပြီး သွေးဆင်းပြီးနောက် ကိုယ်မသန့်ဖြစ်ခြင်းတိုအတွက် ရေချိုးရာမှာ တိတိကျကျ (နိယ်ယဟ်)ရည်စူးခြင်း ကို စတင်ပြုလုပ်ရပါမယ်။

၂။ပြီးတော့ ဗိစ်မိလ်လာဟ် ဆိုခြင်း၊ ပြီးတော့ လက်နှစ်ဖက်ကို သုံးကြိမ် ဆေးကြောခြင်း၊အညစ်အကြေးပေကျံတဲ့ အရှက်အင်္ဂါကို ဆေးကြောခြင်း။

၃။ဆွလာဟ်ဝတ်ပြုဖို ဝုဿူပြုတဲ့အခါမှာကဲ့သို ဝုဿူကို ပြည့်ဝအောင်ပြုလုပ်ခြင်း။

၄။ဦးခေါင်းပေါ်သို ရေသုံးကြိမ်လောင်းခြင်း၊ ရေ လောင်းသည့်အခါ ဆံပင်အရင်းထိရောက်အောင် လက်ဖြင့် ပွတ်သပ်ပြီး စိုစွတ်အောင်ပြုလုပ်ခြင်း။

၅။တစ်ကိုယ်လုံးကို ရေရောက်အောင် ဦးခေါင်းမှစပြီး ညာဘက်၊ဘယ်ဘက်ကို ကောင်းမွန်စွာ ရေလောင်းချိုးရပါမယ်။

ကိုယ့်မသန့်ဖြစ်သည့်အခါ အစ္စလာမ့်တရားတော်က လမ်းညွှန်ထားတဲ့ရေချိုးနည်း ကိုတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ် အသိဆုံးဖြစ်တော်မူတယ်။
والله أعلم

ရှိခ်ဆွာလေဟ်အလ်မုနဂျစ်ဒ်

မူရင်း ဖသာဝါလင့်

https://islamqa.info/ar/answers/82344/%D8%B5%D9%81%D8%A9-%D8%A7%D9%84%D8%A7%D8%BA%D8%AA%D8%B3%D8%A7%D9%84-%D9%85%D9%86-%D8%A7%D9%84%D8%AD%D8%AF%D8%AB-%D8%A7%D9%84%D8%A7%D9%83%D8%A8%D8%B1