ဂီတတူရိယာတီးခတ်ခြင်းနှင့် တေးသီဆိုခြင်းဆိုင်ရာ ပညတ်ချက်
အမေး။ ဂီတတူရိယာတီးခတ်ခြင်းနဲ့တေးသီဆိုခြင်းဟာ အစ္စလာမ်မှာ တားမြစ်ထားတဲ့(ဟရာမ်)ကိစ္စတစ်ခုဖြစ်တယ်ဆိုတာ အမြဲတမ်းလို ကျွန်တော် ကြားနေရပါတယ်။
အစ္စလာမ့် ဆောင်းပါးတွေတင်ထားတဲ့ အင်တာနက်
စာမျက်နှာ တစ်ခုမှာ ပြုပိုင်ကြောင်းတွေ့ရှိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့်တွေရှိလဲဆိုတာ တစ်ချက်ရှင်းပြပေးပါ။
အဖြေ။အလ်ဟမ်ဒုလိလ်လာဟ်၊
ကုရ်အာန်ထဲက (ဟရာမ်)တားမြစ်ထားတဲ့ အထောက်အထား-
قال الله تعالى في سورة لقمان : " ومن الناس من يشتري لهو الحديث ليضل عن سبيل الله "
ထိုပြင် လူများထဲတွင် အသိပညာအထောက်အထားမရှိဘဲ (သူတစ်ပါးအား) အလ္လာဟ်အရှင်မြတ်၏လမ်းမှ
လွဲချော်အောင်အတွက် အကျိုးမဲ့စကားကို
ဝယ်ယူသူလည်းရှိသည်။
(ကုရ်အာန် ၃၁:၆)
قال حبر الأمة ابن عباس رضي الله عنهما : هو الغناء ، ( تفسير الطبري 21/40 )
ကုရ်အာန်အာယဟ်ပါတဲ့ لهو الحديث (အကျိုးမဲ့စကား)
ကို အိဗ်နုအဗားစ် (ရသွိ)က တေးသီဆိုခြင်း ဟု ဖွင့်ဆိုပါတယ်။
(သဖ်စီးရ် သွဗရီကျမ်း)
وقال السعدي رحمه الله : فدخل في هذا كل كلام محرم ، وكل لغو وباطل ، وهذيان من الأقوال المرغبة في الكفر والعصيان ، ومن أقوال الرادين على الحق المجادلين بالباطل ليدحضوا به الحق ، ومن غيبة ونميمة وكذب وشتم وسب ، ومن غناء ومزامير شيطان ، ومن الماجريات الملهية التي لا نفع فيها في دين ولا دنيا ( تفسير السعدي 6/150 )
အိမာမ် စအ်ဒီ(ရဟ)က لهو الحديث (အကျိုးမဲ့စကား)ဆိုတာ တားမြစ်ထားတဲ့ စကားမှန်သမျှပါဝင်ကြောင်း တင်ပြထားပါတယ်။ပမာအားဖြင့် ပြောရမယ်ဆိုရင်
ငြင်းပယ်မှုနဲ့ အပြစ်ဖြစ်စေမယ့် စကားတွေကို ပြောဆို
ခြင်း၊အမှားကို အမှန်ဖြင့် ပြောင်းလဲပြောဆိုခြင်း၊အတင်းပြောခြင်း၊လိမ်လည်ခြင်း၊ကုန်းချောခြင်း၊ဆဲဆိုခြင်း၊တေးသီဆိုခြင်းနဲ့ တီးခတ်ခြင်းတိုဖြစ်ပါတယ်။
(သဖ်စီးရ် စအ်ဒီကျမ်း)
ဟဒီးဆ်ထဲက (ဟရာမ်)တားမြစ်ထားတဲ့ အထောက်အထား-
قال رسول الله صلى الله عليه وسلم : " ليكونن من أمتي أقوام يستحلون الحر والحرير والخمر والمعازف .. " الحديث ، ( رواه البخاري تعليقا برقم 5590)
"တမန်တော်မြတ် ﷺ မိန့်တော်မူတယ်။အမှန်တကယ်ငါ(တမန်တော်)ရဲ့နောက်လိုက်သားတွေထဲမှာ တချိုသောသူတွေဟာ တရားမဝင်ပေါင်းသင်းခြင်း၊ပိုးထည်
ဝတ်ဆင်ခြင်း၊အရက်သောက်သုံးခြင်း၊တေးသီဆိုတဲ့ တူရိယာအစုံတီခတ်ခြင်း စတဲ့ ကိစ္စရပ်တွေကို (ဟလာလ်)ပြုပိုင်တဲ့ ကိစ္စရပ်တွေအဖြင့် ပြုလုပ်လိုက်ကြပါမယ်။"
(ဗုခါရီကျမ်း)
ပညာရှင်တွေဘက်က (ဟရာမ်)တားမြစ်ထားတဲ့
အထောက်အထား-
قال شيخ الإسلام ابن تيمية رحمه الله : ( مذهب الأئمة الأربعة أن آلات اللهو كلها حرام ، ثبت في صحيح البخاري وغيره أن النبي صلى الله عليه وسلم أخبر أنه سيكون من أمته من يستحل الحر والحرير والخمر والمعازف ، وذكر أنهم يمسخون قردة وخنازير ، .. ولم يذكر أحد من أتباع الأئمة في آلات اللهو نزاعا ) المجموع 11/576
ရှိက်ခ်ခုလ်အစ္စလာမ်(ရဟ)က တင်ပြထားပါတယ်။ စိတ်အလိုကျ တီးခတ်သီဆိုတဲ့ တူရိယာအားလုံးဟာ (ဟရာမ်)တားမြစ်ထားသောအရာဖြစ်ကြောင်းကို
မဇ်ဟဗ်၄ခုလုံးမှာ ကွဲလွဲမှုမရှိပါဆိုပြီး ဖော်ပြထားပါ
တယ်။ဒီအပြင် ဗုခါရီကျမ်းနဲ့ ဟဒီးဆ်ကျမ်းတွေကလည်း အထက်မှာဖော်ပြထားတဲ့ ဟဒီးဆ်ကို အဖန်တလဲလဲ ဖော်ပြထားပြီး (ဟရာမ်)ဖြစ်ကြောင်း တားမြစ်ထား
ပါတယ်။
(အလ်မဂျ်မူအ်ကျမ်း)
ဒါကြောင့် ဂီတတူရိယာတီးခတ်ခြင်း၊တေးသီဆိုခြင်းဟာ (ဟရာမ်)တားမြစ်ထားသော ကိစ္စဖြစ်ကြောင်း
အထက်ပါ အဆိုအမိန့်တွေအရ သိရပါတယ်။
အရှင်မြတ်ရဲ့ ကျမ်း၊တမန်တော်ရဲ့ စွန္နဟ် တွေထဲကနေ
အစ္စလာမ်ကို အသင်ဟာ သင်ယူပါ။ဘယ်သူဘယ်ဝါက ပြောတယ်ဆိုလို လက်ခံလိုက်ရတာမျိုး မလုပ်မိစေပါနဲ့။ညီနောင်............
အလ္လာဟ်အရှင်မြတ်သည် အသိဆုံးဖြစ်တော်မူသည်။
والله أعلم
ရှိခ်ဆွာလေဟ်အလ်မုနဂျစ်ဒ်
မူရင်း ဖသာဝါလင့်