မေး။ ဖဂျရ်ဆွလာဟ်ကို ဝတ်ပြုရမယ့်အချိန်မှာမဝတ်ပြုဘဲ နောက်ဆိုင်းပြီး နေထွက်ခါနီးမှ ဝတ်ပြုတာနဲ့ ပတ်သက်ပြီး ဘာပညတ်ချက်ရှိပါသလဲ။
အဖြေ။ အလ်ဟမ်ဒုလိလ်လဟ်၊
ဆွလာဟ် အချိန်များ
=================
ပထမအနေနဲ့ ပြောရမယ်ဆိုရင်တော့-
ဆွလာဟ် ၅ကြိမ်ရဲ့ စတင်ချိန်နှင့် ကုန်ဆုံးချိန်ကို သေချာသတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဆွလာဟ်တိုင်းကို သူ့အချိန်နဲ့သူ ဝတ်ပြုဖို အရေးကြီးပါတယ်။ အလ္လာဟ်အရှင်
မြတ်က ကုရ်အာန်ထဲမှာ အမိန့်ရှိထားပါတယ်။
قال الله تعالى : ( إِنَّ الصَّلاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَاباً مَوْقُوتاً ) النساء/103 .
ဧကန်မလွဲ‘ဆွလာဟ်’ ဝတ်ပြုမှုသည် ‘မုအ်မင်န်’ တိုအပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည် သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။
(ကုရ်အာန်-၄:၁၀၃)
ဆိုလိုတာက သူချိန်နဲ့သူဝတ်ပြုရမှာက ဖရဇ်တာဝန် တစ်ရပ်ဖြစ်တယ်။
ဒီအာယသ်အရ ဆွလာဟ်ကို ဝတ်ပြုရမယ့်အချိန်မှာ မဝတ်ပြုရင်တော့ ဆွလာဟ်ဟာ အထမမြောက်ပါ။ ဝတ်ပြုရမယ့်အချိန်တွေကိုလည်း မွတ်စ်လင်မ်တိုင်း
ကလေးကနေ လူကြီးအထိ၊ ပညာရှင်ကနေ သာမန်အရပ်သားတွေထိ အားလုံး သိရှိကြပြီး ဖြစ်ပါတယ်။
မွတ်စ်လင်မ်တွေကကလည်း တမန်တော်မြတ် ﷺ မိန့်မှာထားတဲ့အတိုင်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
တမန်တော်မြတ် ﷺ အမိန့်ရှိတော်မူတယ်။
بقوله : (صلوا كما رأيتموني أصلي )
ငါတမန်တော်ဝတ်ပြုတာ သင်တို မြင်ကြတဲ့အတိုင်း ဆွလာဟ်ကိုအသင်တိုဝတ်ပြုကြပါ။
(စာ-၂၀၄၊သဖ်စီးရ် စအ်ဒီကျမ်း)
ဆွလာသ်၏သတ်မှတ်ထားချိန် ကျော်တဲ့အထိ နောက်ဆိုင်းခြင်းနှင့် ပတ်သက်သော ပညတ်ချက်
============================================================================
အကြောင်းပြချက် မရှိဘဲ ဆွလာဟ်ကို နောက်ဆိုင်းပြီးမှ ဝတ်ပြုခြင်းဟာ ကြီးလေးသော အပြစ်များထဲမှ တစ်ခု ဖြစ်ပါတယ်။ ထိုသိုနောက်ကျဝတ်ပြုသူတွေအတွက် ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က သတိပေးထားပါတယ်။
بقوله : ( فَوَيْلٌ لِلْمُصَلِّينَ * الَّذِينَ هُمْ عَنْ صَلاتِهِمْ سَاهُونَ ) الماعون/4، 5 .
"သိုဖြစ်ပေရာ (အကြင်သိုသော) ဆွလာဟ်ဝတ်ပြုသူတို၌ အကြီးအကျယ် ပျက်စီးခြင်းသည်ရှိ၏။
ထိုသိုသောသူတိုသည် မိမိတို၏ ဆွလာဟ် ဝတ်ပြုမှု(တာဝန်)ကိုပင် မေ့လျော့ထားကြကုန်၏။"
(ကုရ်အာန် ၁၀၇:၄၊၅)
ဆိုလိုတာက သူတိုဟာ ဆွလာဟ်ကို ဝတ်ပြုရမယ့်အချိန်ထက် နောက်ဆိုင်းပြီးဝတ်ပြုတဲ့ သူတွေဖြစ်တယ်ဆိုပြီး အဗ်ဒုလ်လာဟ် ဗင်န် အဗ်ဗားစ်(ရသွိ) က ဆင့်ပြန်
တော်မူတယ်။
(အတွဲ ၂၀၊ စာ-၂၁၁၊ကုရ်သုဗီကျမ်း)
ဖဂျရ်ဆွလာဟ်၏အချိန်
===================
ဒုတိယအနေနဲ့ ပြောရမှာက-
ဖသ်ဝါအမေးအဖြေ နံပါတ် (9940)မှာ ဆွလာသ် (၅)ကြိမ်ရဲ့ အချိန်တွေကို ရှင်းပြထားပြီး ဖြစ်တယ်။
ဖဂျရ်ရဲ့ အချိန်က နံနက်အရုဏ်တက်တဲ့အချိန်မှ နေထွက်တဲ့အချိန်ထိ ဖြစ်တယ်။
قال النبي صلى الله عليه وسلم : ( وَوَقْتُ صَلاةِ الصُّبْحِ مِنْ طُلُوعِ الْفَجْرِ مَا لَمْ تَطْلُعْ الشَّمْسُ ) . رواه مسلم (612) .
တမန်တော်မြတ် ﷺ အမိန့်ရှိတော်မူတယ်။ ဖဂျရ်ရဲ့ အချိန်ဟာ နံနက်အရုဏ်ပေါ်တဲ့အချိန်မှ နေမထွက်သေးတဲ့အချိန်ထိ ဖြစ်တယ်။
(မုတ်စ်လင်မ်ကျမ်း၊ဟဒီးဆ် နံပါတ်၆၁၂)
အကယ်၍ ဒီအချိန်အတွင်းမှာ ဝတ်ပြုတယ်ဆိုရင် ဆွလာဟ်ကို သူအချိန်နှင့်သူ ဝတ်ပြုတာဖြစ်တယ်။ မေးခွန်းအရ နေထွက်ခါနီးမှ ဝတ်ပြုမယ်ဆိုရင်တော့ ဖဂျရ်ကို သူ့အချိန်နှင့်သူ မဝတ်ပြုတဲ့အတွက် ဆွလာဟ်ဟာ
မမှန်ကန်ပါ။ ဘာကြောင့်လဲဆိုတော့ ဖဂျရ်ဆွလာဟ်အချိန်ဟာ အဲ့ဒီအချိန်မှာ ကုန်ဆုံးသွားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
မေးခွန်းမေးတဲ့သူဟာ တစ်ချိုလူတွေက ဖဂျရ်ဆွလာဟ်ကို ဖဂျရ်အချိန်အတွင်းမှာဘဲ ဝတ်ပြုနေတယ် အထင်နဲ့ နောက်ဆိုင်းပြီး ဝတ်ပြုနေတာကို ရည်ညွှန်းလိုတာဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဖဂျရ်အချိန်ကို သတ်မှတ်ရာမှာ
လက်ရှိပြက္ခဒိန်များရဲ့ အမှားအယွင်းများအကြောင်း ဖြစ်နိုင်တာကို ကြည်ရှုသင့်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖသ်ဝါနံပါတ် (26763) ကို လေ့လာပါရန်။
တမန်တော်မြတ် ﷺ ဖဂျရ် ဆွလာဟ်ကို ဘယ်အချိန်မှာ ဝတ်ပြုခဲ့သလဲ?
==========================================================
တတိယအနေနဲ့ ပြောရမယ်ဆိုရင်တော့-
တမန်တော်မြတ် ﷺ ရဲ့ လမ်းစဉ်အရ ဖဂျရ်ဆွလာဟ်ကို မနက်ရဲ့ အလင်းမပေါ်ခင် ဝတ်ပြုလေ့ရှိခဲ့ကြပါတယ်။ ဟဒီးဆ်အသီးသီးမှာလည်း ဖော်ပြထားပါတယ်။
1- روى البخاري (560) ومسلم (646) عن جَابِر بْن عَبْدِ اللَّهِ قَالَ : كَانَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُصَلِّي الصُّبْحَ بِغَلَسٍ .
ဂျာဗိရ် ဗင်န် အဗ်ဒုလ်လာဟ်(ရသွိ)က ဆင့်ပြန်တော်မူတယ်။တမန်တော်မြတ် ﷺ ဟာ ဖဂျရ်ဆွလာဟ်ကို ဂလက်စ်အချိန်မှာ ဝတ်ပြုတယ်။ (ဗုခါရီကျမ်း-၅၆၀၊မုတ်စ်လင်မ်ကျမ်း-၆၄၆)
2- وروى البخاري (872) ومسلم (645) عَنْ عَائِشَةَ رضي الله عنها أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ كَانَ يُصَلِّي الصُّبْحَ بِغَلَسٍ فَيَنْصَرِفْنَ نِسَاءُ الْمُؤْمِنِينَ لا يُعْرَفْنَ مِنْ الْغَلَسِ أَوْ لا يَعْرِفُ بَعْضُهُنَّ بَعْضًا .
အာအိရှဟ်(ရသွိ)က ဆင့်ပြန်တော်မူတယ်။ တမန်တော်မြတ် ﷺ ဟာ ဖဂျရ်ဆွလာဟ်ကို ဂလက်စ်အချိန်မှာ ဝတ်ပြုတယ်။ မုအ်မင်န်ယုံကြည်သူအမျိုးသမီးတွေ (ဆွလာဟ်ဝတ်ပြုပြီး ပြန်တဲ့အခါ) ဂလက်စ်အချိန်
ကြောင့် သူတိုကိုမမှတ်မိကြပါ။ (ဒါမှမဟုတ်) သူတိုတွေထဲက အချိုက အချိုကို မမှတ်မိကြပါ။ (ဗုခါရီကျမ်း-၈၇၂၊မုတ်စ်လင်မ်ကျမ်း-၆၄၅)
ဂလက်စ် ဆိုတာက ညနောက်ဆုံးအချိန်ရဲ့ အမှောင်ကျန်ရှိနေသေးတဲ့ အချိန် ဆိုပြီး အဘိဓာန်မှာ ဖော်ပြထားသလိုပါပဲ။ အဲ့ဒီအချိန်က ဖဂျရ်ရဲ့ ပထမဦးဆုံးအချိန်ပဲ ဖြစ်ပါတယ်။
(စုဘုလုစ်စလာမ်ကျမ်း)
"ဟဒီးဆ်မှာပါတဲ့ "မုအ်မင်န်ယုံကြည်သူအမျိုးသမီးတွေကို ဂလက်စ်အချိန်ကြောင့် သူတိုကိုမမှတ်မိကြပါ။" ဆိုလိုတာက ညနောက်ဆုံးအချိန်ရဲ့ အမှောင်ကျန်ရှိနေတဲ့အချိန်ဖြစ်ကြောင်း အိမာမ်နဝဝီ(ရဟ)က ရှင်းပြပါတယ်။
ဟဒီးဆ်မှာပါတဲ့ အဓိပ္ပာယ်က သူတိုဟာ အမျိုးသမီးတွေလား၊အမျိုးသားတွေလားဆိုတာကို မမှတ်ကြတာကို ဆိုလိုတာဖြစ်ကြောင်း သုခမိန် ဒါဝူးဒီ(ရဟ)က ပြောပြပါတယ်။"
(အိမာမ်နဝဝီရဲ့ ရှရ်ဟုမုတ်စ်လင်မ်ကျမ်း)
ဒီဟဒီးဆ်တွေကနေသိရတာက တမန်တော်မြတ် ﷺဟာ ဖဂျရ်ဆွလာဟ်ကို ဖဂျရ်အချိန်ဝင်တဲ့ ပထမဦးဆုံးအချိန် (ဖဂျရ်အချိန် ဝင်ဝင်ချင်း) မှာ ဝတ်ပြုခဲ့ကြောင်းကို သိရပါတယ်။
والله أعلم အလ္လာဟ်အရှင်မြတ်သာလျှင်အသိဆုံး ဖြစ်တော်မူပါတယ်။
ရှိခ်ဆွာလေဟ်အလ်မုနဂျစ်ဒ်
မူရင်း ဖသာဝါလင့်