Monday, September 11, 2023

အိဗ်နုသိုင်မိယဟ်နှင့် ဆော်ဒီပညာရှင်တွေက အိမာမ်ဂဇာလီကို ကာဖိရ်ဖသ်ဝါပေးထားကြတယ်ဆိုတာ ဟုတ်လား?

မနေ့ညက Facebookမှာ မိတ်ဆွေဖြစ်ထားတဲ့
အာလင်မ်ဆပ်တစ်ဦး Messengerကနေဖုန်းခေါ်ပြီး
မေးခွန်းတစ်ခုမေးလာတယ်။ မေးခွန်းက အိဗ်နုသိူင်
မိယဟ်နှင့်ဆော်ဒီပညာရှင်တွေက အိမာမ်ဂဇာလီကို
ကာဖိရ်ဖသ်ဝါပေးထားကြတယ်ဆိုတာဟုတ်လားတဲ့
အဲ့သည်တော့ ဒီနေ့အချိန်နည်းနည်းရလို အများသိ
အောင် #အမာမ်ဂဇာလီအကြောင်းနှင့်သူ့ကိုဘာလို
အိမာမ်အိဗ်နုသိူင်မိယဟ်အပါအဝင်ကျန်ပညာရှင်
တွေက ဝေဖန်ထောက်ပြခဲ့ရသလဲဆိုတာ
အကျဉ်းအားဖြင့် ရေးပေးပါ့မယ်။👇
ဖြေ-ဂျင်းပါလို။ အိမာမ်အိဗ်နုသိူင်မိယဟ်ကော
ဆော်ဒီကအာလင်မ်ကြီးတွေကပါ ဘယ်သူမှ ကာဖိရ်
ဖသ်ဝါဘယ်တုန်းကမှ အိမာမ်ဂဇာလီကို
မပေးခဲ့ပါ။ #သသော်အိမာမ်ဂဇာလီဟာ👇👇
1️⃣သူ၏ #အဟ်ယာအုလ်အုလူးမ်ကျမ်းထဲမှာ
ဆူဖီအတွေးအခေါ်တချိုနှင့်လုပ်ကြံဟဒီးစ်တုများ
အပါအဝင် တချိုသုခမိန်များ၏ အဆိုအမိန့်တွေကို
ကိုးကားထားသည့်အတွက် သူ့တပည့်များအပါအ
ဝင် ကမ္ဘာကျော်အာလင်မ်ကြီးတွေ ဝေဖန်ထောက်
ပြခဲ့ကြတယ်။ သူရေးခဲ့သည့် အိဟ်ယာအုလ်အုလူး
မ်ကျမ်းကို ဟဒီးစ်ပညာရှင်ကြီး အလ္လာမဟ်အိရာကီ
က ပြန်လည်သုတေသနပြုပြီး ကျမ်းပါဟဒီးစ်များ
ကို စီစစ်ကာ ဘယ်ဟဒီးစ်ကတော့ အတုပါ။ဘယ်
ဟဒီးစ်ကိုတော့ ကျွန်တော်မသိပါ။ဘယ်ဟဒီးစ်က
တော့ လုပ်ကြံဟဒီးစ်ပါ။အားနည်းသော|အလွန်ပင်
အားနည်းသောဟဒီးစ်ပါဟူ၍စသည်ဖြင့်မှတ်ချက်
ပြုထားတာကိုတွေ့ရပါလိမ့်မယ်။အိမာမ်ဂဇာလီ၏
အိဟ်ယာအုလ်အုလူမ်ကျမ်းထဲမှာ စနဒ်ပင်ရှာမရ
သော|စနဒ်မရှိသော #ဟဒးစ်တုပေါင်း(၉၄၃)ပုဒ်ခန့်
ရှိတယ်။ အလ္လာမဟ်စုဗ်ကီကလည်း သူ၏ သွဗကာ
သုရှ်ရှာဖွိအီယဟ်ကျမ်းအတွဲ၆/စာ၂၈၇-၃၈၈မှာ
အဲ့သည်အတိုင်းရေးထားတာကိုတွေ့ရပါတယ်။
အိမာမ်ဂဇာလီ၏ အိဟ်ယာအုလ်အုလူးမ်ကျမ်းကို
ပြန်လည်ထောက်ပြသည့် ကျမ်းတွေလည်းရှိတယ်။
အထူးသဖြင့် အလ္လာမဟ်မုဟမ္မဒ်ဗင်န်အလီအလ်မာဇရီရဲ့ كتاب الكشف والإنباء عن كتاب الإحياء للمازريမှာ
ပညာရှင်ဆန်ဆန်ထောက်ပြထားတာတွေ့ရပါလိမ့်
မယ်။ အဲ့သည်အတိုင်းအိမာမ်အိဗ်နုလ်ဂျောင်ဝ်ဇီ|
အလ္လာမဟ်အိရာကီ|အိဗ်နုကဆီးရ်အစရှိသည့်
ပညာရှင်တွေလည်း ထောက်ပြထားကြပါတယ်။
ဝမ်းနည်းစရာက အဲ့သည်ကျမ်းကို "ကုရ်အာန်လုနီး
ပါးပင်"လို ချီးကျုးရေးသားကြသည့်အချက်ပါပဲ။
အဲ့သည်လို" ကုရ်အာန်လုနီးပါးပင်" ကုရ်အာန်ကဲ့သို
ဖြစ်၏ စသည်ဖြင့် ချီးကျုးစကားဆိုထားကြသည့်
ကျမ်းစာအုပ်တွေကို လေ့လာမိသလောက်ပြောရရင်
ဂျင်းဟဒီးစ်တွေအများဆုံးတွေ့ရတယ်။ ဟနဖီပညာ
ရှင် #အလလာမဟ်လခ်နဝီက အဲ့သည်လိုတင်စားကြ
သည့် ကျမ်းများအနက် အိဟ်ယာအုလ်အုလူးမ်း
ကျမ်းမှာလည်း အခြေအမြစ်မရှိသောဟဒီးစ်များ
စွာပါဝင်နေပြီး ဂဇာလီရေးသည့်ကျမ်းမှာပါနေလို
ဟဒီးစ်သည် စွဟီးဟ်ဖြစ်မသွားကြောင်းရေးသား
ထားတာတွေ့ရပါလိမ့်မယ်။👇
ألا ترى إلى صاحب «إحياء علوم الدين» مع جلالة قدره أورد في كتابه أحاديث لا أصل لها, فلم يعتبر بها, كما يظهر من مطالعة تخريجه للعراقي, ولا أقول إنهم نقلوا ذلك مع علمهم بكذب ذلك, بل وقع لهم الاغترار بقول غيرهم, فإنهم لم يسندوها إلى أحد من المحدثين الناقدين, والعبرة في هذا الباب لهم لا لغيرهم» اهـ ملخصاً عمدة الرعاية" كما في هامش الأجوبة الفاضلة (ص33 ـ 34):
အဲ့သည်လို ဟဒီးစ်တုများပါဝင်နေရသည့်အချက်က
အိမာမ်ဂဇာလီဟာ ဟဒီးစ်ပါရဂူမဟုတ်၍ ဟဒီးစ်
တွေကို ဝေဖန်ပိုင်းခြားတတ်သည့်ပညာရပ်ကိုကျွမ်း
ကျင်ခြင်းမရှိပါ။ ဒါကြောင့်လည်း ကမ္ဘာမှာ မည်
သည့်ဂိုဏ်းကမှ ငြင်းပယ်ကြခြင်းမရှိသည့်ဟဒီးစ်
ပညာရှင်ကြီး အလ္လာမဟ်ဇဟဗီက သူ၏ ကမ္ဘာ
ကျော်ကျမ်းကြီး ဖြစ်သည့် سير أعلام النبلاءမှာ
အိမာမ်ဂဇာလီ၏ အိဟ်ယားအ်ကျမ်း၌ များစွာသော
ဟဒီးစ်တုများနှင့် အစွန်းရောက်ဆူဖီအတွေးအခေါ်
များအပြင်သုခမိန့်အချို၏နည်းလမ်းများဖြင့်တင်
ပြထားသည့် လမ်းစဉ်များ ပါဝင်နေကြောင်းသတိ
ပေးမှတ်ချက်ပြုထားတာကိုတွေ့ရပါလိမ့်မယ်။👇
قلت ( القائل هو الذهبي ) أما الإحياء ففيه من الأحاديث الباطلة جملة ، وفيه خيرٌ كثير ، لولا ما فيه من آداب ورسوم وزهد من طرائق الحكماء ومنحرفي الصوفية نسأل الله علماً نافعاً ، تدري ما العلم النافع ؟

هو ما نزل به القرآن وفسره الرسول صلى الله عليه وسلم قولاً وفعلاً ولم يأت نهي عنه . قال عليه السلام : " من رغب عن سنتي فليس مني " . فعليك يا أخي بتدبر كتاب الله ، وبإدمان النظر في الصحيحين ، وسنن النسائي ، ورياض النواوي وأذكاره ، تفلح وتنجح .

وإياك وآراء عباد الفلاسفة ووظائف أهل الرياضات وجوع الرهبان وخطاب طيش رؤوس أصحاب الخلوات ، فكل الخير في متابعة الحنيفية السمحة . فواغوثاه بالله اللهم اهدنا إلى صراطك المستقيم ...
#တစဖန်အလ္လာမဟ်ဇဟဗီက အိဟ်ယားအ်ကျမ်းပါ
ဖော်ပြချက်ဖြစ်သည့် လက်သည်းညှပ်ရမည့်ပုံစံများ
နှင့်ပတ်သက်၍ တင်ပြထားသောဟဒီးစ်များသည်
လုပ်ကြံဟဒီးစ်တုများဖြစ်ကြောင်း မိန့်ကာ အိမာမ်
အိဗ်နုလ်ဂျောင်ဝ်ဇီ၏ မိန့်ကြားချက်ဖြစ်တဲ့"အဗူဟာ
မိဒ်အလ်ဂဇာလီဟာ အလ်အိဟ်ယားအ်ကျမ်းကို
ပြုစုခဲ့ပြီး သူဟာ ဟဒီးစ်တုများနှင့်မိမိကျမ်းကို
ပြည့်နှက်စေခဲ့တယ်|ဟဒီးစ်တုများဖြစ်နေကြောင်း
ကိုလည်းသူမသိခဲ့ပါ။ထိုပြင်သူသည် ကရှ်ဖ်နှင့်ပတ်
သက်၍ ဖိကဟ်ဥပဒေဘောင်ပြင်ပက စကားများ
ကိုလည်းဆိုခဲ့ကြောင်း"ယခုလိုထည့်သွင်း
ဖော်ပြထားပါတယ်။
قلت ( القائل هو الذهبي ) : هو أثر موضوعقال أبو الفرج ابن الجوزي صنف أبو حامد الإحياء وملأه بالأحاديث الباطلة ولم يعلم بطلانها ، وتكلم على الكشف وخرج عن قانون الفقه ، وقال عن المراد بالكوكب والقمر والشمس اللواتي رآهن إبراهيم أنوار هي حُجُبُ الله عز وجل ، ولم يُرِد هذه المعروفات ، وهذا من جنس كلام الباطنية . " السير ج19 ص340
ကြည့်-စိရသ်ကျမ်း အတွဲ၁၉/စာ၃၄၀
2️⃣အိမာမ်ဂဇာလီဟာ ဖိကဟ်၏ အုစူလ်(the basic principles of fiqh)အခြေခံဥပဒေများနှင့်
သက်၍ရေးသားခဲ့သောကျမ်းများ၌ ဖိကဟ်ပညာ
ရှင်ကြီးများဖြစ်သည့် အိမာမ်အဗူဟနီဖဟ်နှင့်အိမာမ်
မာလိက်ကို ထိုးနှက်တိုက်ခိုက်ရေးသားမှုတွေလုပ်ခဲ့
ပါတယ်။ တချိုကို အိဟ်ယားအ်အုလ်အုလူးမ်ကျမ်း
၌လည်းတွေ့ရပြီး အဆိုးယုတ်ဆုံးသောတိုက်ခိုက်
ရေးသားမှုများကိုတော့ သူ၏ المنخولအမည်ရှိကျမ်း
မှာတွေ့ရပါလိမ့်မယ်။ အဲ့သည်ကျမ်းရဲ့စာမျက်နှာ
၅၈၁မှာ ဂဇာလီဟာ အိမာမ်အဗူဟနီဖဟ်သည် အရ
ဗီစာပေပင်တတ်ကျွမ်းသူမဟုတ်သည့်အတွက်
မုဂ်ျသဟိဒ်တစ်ပါးမဟုတ်ကြောင်းယခုလိုရေးသား
ထားတာကို တွေ့ရပါတယ်။ 👇
قال الغزالي في "المنخول" (ص581):

"وأما أبو حنيفة فلم يكن مجتهدا لأنه كان لا يعرف اللغة وعليه يدل قوله: "ولو رماه بأبو قبيس".
တကယ်တော့ ဒါဟာ မုဂ်ျသဟိဒ်အဆင့်အိမာမ်ကြီး
တစ်ပါးကို မူကြိုအဆင့်ပိုလိုက်သည့်အရေးအသား
ဖြစ်ပြီး မည်သည့်ပညာရှင်မှ ဂဇာလီ၏ထိုရေးသား
ချက်ကို အသိအမှတ်မပြုခဲ့ပါ။#အမာမ်ဂဇာလီဟာ
ဖိကဟ်ကဏ္ဏမှာရှာဖွေအီမဇ်ဟဗ်ဝင်ဖြစ်ပြီး ရှာဖွေ
အီအစွဲကြီးသူတစ်ဦးဖြစ်ပါတယ်။ဒါကြောင့်လည်း
သူဟာ သူ၏ المنخولကျမ်းမှာ ရှာဖွေအီမဇ်ဟဗ်ကို
ဟနဖီမဇ်ဟဗ်ထက် ဘာကြောင့်ရှေ့တန်းတင်ရသလဲ
ဆိုသည့်ခေါင်းစဉ်အောက်၌ အိမာမ်အဗူဟနီဖဟ်ကို
အလွန်ပြင်းထန်သောစကားလုံးများဖြင့်ထိုးနှက်
ရေးသားထားပြီး|အိမာမ်အဗူဟနီဖဟ်ဟာ ရှရီအသ်
၏ ကဏ္ဏတိုင်းကို ကမောက်ကမပြောင်းပြန်လုပ်ခဲ့
သူဖြစ်ကြောင်း အတော်ရှည်လျားစွာ ရေးသားထား
တာကိုတွေ့ရပါတယ်။ 👇👇👇
قال الغزالي في المنخول ص613 :" وأما ابو حنيفة  فقد قلب الشريعة ظهرا لبطن وشوش مسلكها وغير نظامها فإنا نعلم أن جملة ما ينطوي عليه الشرع ينقسم إلى استحثاث على مكارم الاخلاق وزجر عن الفواحش والكبائر واباحة تغني عن الجرائر وتعين على امتثال الاوامر وهي بمجموعها تنقسم إلى تعبدات ومعاملات وعقوبات فلينظر العاقل المنصف في مسلكه فيها
فأما العبادات فأركانها الصلاة والزكاة والصوم والحج ولا يخفى فساد مذهبه في تفاصيل الصلاة والقول في تفاصيله يطول وثمرة خبطه بين فيما عاد اليه اقل الصلاة عنده واذا عرض اقل صلاته على كل عامي جلف كاع وامتنع عن اتباعه--------------------------------------------------------------
ကဏ္ဏအစုံမှာ ရှာဖွေအီနှင့်အမြင်အားဖြင့်မတူသည့်
အိမာမ်အဗူဟနီဖဟ်၏ အမြင်တွေ သူရေးသားပြီး
ထုချေတာဖြစ်၍ စာအတော်ရှည်ပါတယ်။အနည်း
ငယ်သာအပေါ်မှာ ဖော်ပြပေးတာဖြစ်တယ်။ အိမာမ်
ဂဇာလီဟာ သူ၏ အထက်ပါ အလ်မာန်ခုးလ်အမည်
ရှိ ဖိကဟ်အခြေခံဥပဒေများဆိုင်ရာကျမ်းကို သူ့ ဘ
ဝ၏အစပိုင်းမှာရေးခဲ့တာဖြစ်၍ အိမာမ်ကြီးများကို
ထိုးနှက်ရေးသားမိတာဖြစ်တယ်။နောက်ပိုင်းဂဇာလီ
ဟာ အိဟ်ယာအုလ်အုလုမ်းကျမ်းမှာ အိမာမ်တွေကို
ပြန်ပြီးချီးကျုးစကားဆိုထားတာကိုတွေ့ရပါလိမ့်
မယ်။ ဘာကြောင့်လဲဆိုတော့ သူဖြတ်သန်းခဲ့ရသည့်
ပညာရေးဘဝတွေက တစ်ခုနှင့်တစ်ခုမတူသော‌ေ
ကြာင့် သူ့ကျမ်းပါရေးသားချက်တွေဟာလည်း
တစ်ကျမ်းနှင့်တစ်ကျမ်းမတူပဲ ဆန့်ကျင်သလိုဖြစ်
နေပါတယ်။
ဒီအချက်တွေ‌‌ေကြာင့်လည်း အိမာမ်အိဗ်နုသိူင်မိယ
ဟ်အပါအဝင် ကျန်ပညာရှင်တွေက ဂဇာလီကို
ထောက်ပြခဲ့ကြတာဖြစ်တယ်။ ကာဖိရ်ဖသ်ဝါမပေး
ခဲ့ကြပါ။ သူသည် လူသားပညာရှင်ဖြစ်၍ မှားနိုင်သူ
ဖြစ်ပါတယ်။ သူ့အမှားကို ကျန်ပညာရှင်တွေက
ထောက်ပြခဲ့ကြတာဖြစ်တယ်။ မြန်မာမှာက တချို
က တစ်ရာဖိုး (၅)ပုဒ်စာတွေဖတ်ပြီး ထောက်ပြတာ
ကို ကာဖိရ်ဖသ်ဝါပေးတယ်လို ယိုးစွပ်ကြတာသာ
ဖြစ်တယ်။ တကယ်တော့ အိမာမ်ဂဇာလီရေးသည့်
စာအုပ်(၃)အုပ်တောင်ဖတ်ဖူးကြတာမဟုတ်ပါဘူး။
ဖတ်ဖူးရင် ဟနဖီကို တိုက်ခိုက်လိုဆိုပြီး ဂဇာလီကို
ဘယ်လိုတောင် ဖသ်ဝါပေးကြမလဲ မတွေးဝံ့စရာပါ။
3️⃣အိမာမ်ဂဇာလီဟာ ပညာရေးဘဝ(၄)ခုကိုဖြတ်
သန်းခဲ့ရသူဖြစ်လို သူ့စာအုပ်တွေမှာ ရေးသားချက်
တွေဟာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတာ
တွေရှိပါတယ်။ သူဟာ အစပထမမှာ philosophy
(ဒဿနိကဗေဒ)ဆိုင်ရာပညာရပ်ထဲဝင်ရောက်ခဲ့
တယ်။ပြီးနောက်ယင်းပညာရပ်၏ဆိုးကျိုးတွေကို
ကိုယ်တွေ့ကြုံရပြီးနောက် စွန့်လွှတ်ခဲ့တယ်။
အိမာမ်ဂဇာလီဟာ philosophy ပညာရပ်ထဲဘယ်
အထိဝင်ရောက်ခဲ့သလဲဆိုရင် သူ့တပည့်ဖြစ်သူ
အိဗ်နုလ်အရဗီက "သူ့ဆရာဟာ philosophy ပညာ
ရပ်ကို အာန်ထုတ်ပစ်ချင်သော်လည်း အာန်မရလော
က်သည်အထိဖြစ်ခဲ့ရတယ်ဟု"ဆိုခဲ့တယ်။👇👇
قال تلميذه أبو بكر بن العربي ( شيخنا أبو حامد ‏بلع الفلاسفة وأراد أن يتقيأهم فما استطاع)‏.السير " (19/327).
ဂဇာလီဟာ အိလ်မုလ်ကလာမ်လိုခေါ်တဲ့ ကလာမ်ပညာရပ် ((Islamic philosophy))ထဲကိုဝင်ရောက်
ခဲ့ပြန်တယ်။ အဲ့သည်ပညာရပ်၏ဆိုးကျိုးများကို
လည်းကြုံတွေ့ရပြီးနောက် သူဟာ ယင်းပညာရပ်
ကို စွန့်လွှတ်ခဲ့ပြန်တယ်။ကလာမ်ပညာရပ်ကိုသူဟာ
အလွန်ပင်ကျွမ်းကျင်သူဖြစ်ပြီး ဒဿနိကပညာရှင်
တွေကို ချေပပြောဆိုရာ၌ဘုရင်တစ်ဆူအလားဖြစ်ဲ့သည့်အတွက်သူ့ကို ဟုဂ်ျဂျသ်သုလ်အစ္စလာမ်ဆို
တဲ့ ဂုဏ်ပုဒ်နဲ့ခေါ်ဝေါ်ခဲ့ကြတယ်။ တစ်ဖန်ဂဇာလီဟာ
ဗာသွေနီယဟ်(esotericists)ဝါဒဘက်ကို ရောက်
သွားပြန်ပါတယ်။ အဲ့သည်ဝါဒမှာလည်းရှရီအသ်၏
နတ်စ်ပါမိန့်ကြားချက်တွေကို လက်ဆော့သလို
ပေါ့ပျက်ပျက်သာ ပြုလုပ်ကြသည့်အတွက် ဂဇာလီ
ဟာ ယင်းဝါဒကိုလည်း စွန့်လွှတ်ခဲ့ပြန်ပါတယ်။
ပြီးနောက် ဆူဖီ(Sufism)ဘက်ကိုရောက်ခဲ့ပြန်ပါ
တယ်။အဲ့သည်မှာလည်း အလ္လာ့ဟ်၏ ဂုဏ်တော်များ
ကို သအ်ဝီးလ်အမျိုးမျိူးနှင့်ဖွင့်ဆိုမှုများပြုလုပ်ကြ
တာမြင်ရပြီးနောက်ပိုင်း အိမာမ်ဂဇာလီဟာ ကုရ်အာ
န်နှင့်ဟဒီးစ်ဘက်ကိုသာ နောက်ဆုံးပိုင်းမှာ အာရုံပြု
ပြီး ကွယ်လွန်ချိန် ဗုခါရီကျမ်းကြီးဟာ သူ့ရင်ဘတ်
ပေါ်၌သာ ရှိခဲ့သည်အထိ ဖြစ်ခဲ့တယ်လိုမွလ္လာအလီ
ကာရီဟနဖီကရေးသားပါတယ်။ ဆိုတော့အိမာ
မ်ဂဇာလီဟာ ပညာရေးဘဝ(၄)ခုကိုဖြတ်သန်းခဲ့ရသူ
ဖြစ်တယ်။ သိုသော်လည်းသူဟာ ဘဝ၏နောက်ဆုံး
ပိုင်းအချိန်မှာ ကုရ်အာန်-ဟဒီးစ်နှင့်စွဟာဗဟ်များ၏
လမ်းစဉ်အပေါ်၌သာ ရပ်တည်ခဲ့ပြီး ယခင်အယူအ
များကို စွန့်လွှတ်ကာ ယင်းအယူအဆများကို ရုပ်
သိမ်းကြောင်း စာအုပ်များပင် ထုတ်ဝေခဲ့ပါတယ်။
အလ္လာမဟ်ဇဟဗီကလည်း ဒီအကြောင်းကို အလ္လာ
မဟ်သွရ်သူရှီ၏ပြောပြချက်ဖြင့် ယခုလိုဖော်ပြထား
တာကိုတွေ့ရပါတယ်။ 👇👇👇
ونقل الذهبي في كتابه سير أعلام النبلاء عن محمد بن الوليد الطرطوشي في رسالة له إلى ابن مظفر قال : فأما ما ذكرت من أبي حامد فقد رأيته وكلمته فرأيته جليلا من أهل العلم ، واجتمع فيه العقل والفهم ، ومارس العلوم طول عمره ، وكان على ذلك معظم زمانه ، ثم بدا له عن طريق العلماء ، ودخل في غُمار العُبَّاد ، ثم تصوَّف ، وهجر العلومَ وأهلها ، ودخل في علوم الخواطر وأرباب القلوب ووساوس الشيطان ، ثم شابها بآراء الفلاسفة ورموز الحلاج ، وجعل يطعن على الفقهاء والمتكلمين ، ولقد كاد أن ينسلخَ من الدين ، فلما عمل الإحياء عمد يتكلم في علوم الأحوال ومرامز الصوفية ، وكان غير أنيس بها ، ولا خبير بمعرفتها ، فسقط على أمِّ رأسه ، وشحن كتابه بالموضوعات .السير ج19 ص340
အိမာမ်ဂဇာလီဟာ သူ၏ ဘဝနောက်ဆုံးပိုင်းအချိန်
မှာဟဒီးစ်ပညာရှင်ကြီးများ၏ လမ်းစဉ်အတိုင်းသာ
ရပ်တည်ခဲ့ကြောင်းနှင့်ယခင်ကလာမ်ပညာရပ်၏
အတွေးအခေါ်များကို စွန့်လွှတ်ကာ ကျမ်းပင်တစ်
ကျမ်း إلجام العوام عن علم الكلامအမည်ဖြင့်ပြုစုခဲ့
ကြောင်း အိမာမ်အိဗ်နုသိူင်မိယဟ်က ရေးသားပါ
တယ်။ 👇👇👇👇👇
قال شيخ الإسلام رحمه الله: " ... وإن كان بعد ذلك رجع إلى طريقة أهل الحديث وصنف إلجام العوام عن علم الكلام " مجموع الفتاوى ج4 ص72 .
ဒါကြောင့်လည်းဟဒီးစ်ပညာရှင်ကြီးအိဗ်နုစွလာဟ်
က "အဗူဟာမိဒ်(ဂဇာလီ)နှင့်ပတ်သက်၍ အမျိုးမျိုး
ပြောကြတာရှိတယ်။ သူရေးခဲ့သည့် အမှန်တရားနှင့်
ဆန့်ကျင်နေသောကျမ်းများကိုတော့ လှည့်ကြည့်စ
ရာမလိုကြောင်းနှင့်ကျမ်းပြုသူဂဇာလီနှင့်ပတ်သက်
၍တော့ ဆိတ်ဆိတ်ပင်နေရမည်ဖြစ်ပြီး|သူ့ကိစ္စကို
အလ္လာ့ဟ်ထံသာ လွှအပ်ထားရမည်ဖြစ်ကြောင်း"
အဆိုပြုထားသည်ကို တွေ့ရ၏။ 👇👇
وما أحسن ما قاله الشيخ أبو عمر ابن الصلاح - رحمه الله - عنه حيث قال : " أبو حامد كثر القول فيه ومنه ، فأما هذه الكتب – يعني كتبه المخالفة للحق – فلا يُلتفت إليها ، وأما الرجل فيُسكت عنه ، ويُفَوَّضُ أمره إلى الله "أنظر كتاب ( أبو حامد الغزالي والتصوف ) لعبد الرحمن دمشقية .
အိမာမ်ဂဇာလီနောက်ဆုံးပိုင်းအချိန်၌ရေးသားခဲ့
သည့် ကျမ်းများအနက်
၁-إلجام العوام عن علم الكلامအမည်ရှိကျမ်းနှင့်
၂- بغية المريد في رسائل التوحيدအမည်ရှိကျမ်း(၂)
ကျမ်းဟာ သူယခင်အယူအဆများနှင့်ယုံကြည်ချက်
များကို စွန့်လွှတ်ကြောင်းနှင့်ကုရ်အာန်-ဟဒီးစ်နှင့်
စွဟာဗဟ်များ၏ယုံကြည်ချက်အတိုင်းသာလျှောက်
လမ်းကြောင်းရေးသားထားသည်ကိုတွေ့ရပါလိမ့်
မယ်။ အကြောင်းက ဂဇာလီဟာ သူ၏ ကျမ်း၌
စလဖ်ခေါ်စွဟာဗဟ်|သာဗေအီန်း|သဗအသာဗေအီန်းတို၏ လမ်းစဉ်ကသာအမှန်ဖြစ်ပြီး ယင်းလမ်းစဉ်
ကို ဆန့်ကျင်သောလမ်းစဉ်တိုင်းသည် ဗိဒ်အသ်
သမားများ၏လမ်းစဉ်ဖြစ်ကြောင်းယခုလိုရေးသား
ထားတာတွေ့ရပါတယ်။ 👇👇
والدليل قوله "الحق مذهــب الســلف، وأن من خالفهم في ذلك هو مبتـــدع" إلجام العوام ص62.
ကြည့်-အိလ်ဂျာမုလ်အဝါမ်ကျမ်းစာ၆၂
အိမာမ်ဂဇာလီကျမ်းပေါင်း(၄၀)ကျော်ရေးသားခဲ့
သည့်အနက် အထက်ပါ အလ်ဂျာမုလ်အဝါမ်အမည်
ရှိကျမ်းဟာ နောက်ဆုံးရေးခဲ့သည့်ကျမ်းဖြစ်ပါတယ်
အဲ့သည်ကျမ်းကို အိမာမ်ဂဇာလီဟာ သူမဆုံးခင်
၂ပတ်အလို ဟိဂ်ျရီ(၅၀၅)ဂျုမာဒလ်အာခိရဟ်လအစပိုင်းမှာရေးခဲ့တာဖြစ်တယ်။ အလွန်ကောင်း
သောကျမ်းပါ။ တချိုက رسالة في مذهب أهل السلف
"စလဖ်လမ်းစဉ်စာတမ်း"လိုတောင်ခေါ်ကြပါတယ်။
အိမာမ်ဂဇာလီဟာ အဲ့သည်ကျမ်းကို စလဖ်ဟုခေါ်
သည့်စွဟာဗဟ်များနှင့်သာဗေအီးန်များ၏လမ်းစဉ်
ကသာ အငြင်းပွားဖွယ်မရှိ အမှန်ကန်ဆုံးလမ်းစဉ်ဖြစ်သည်ဟုဆိုကာ ယခုလိုအစပြု ရေးသားထား
တာကို တွေ့ရပါလိမ့်မယ်။ 👇👇👇
حيث يقول الإمام الغزالي :
" اعلم: أن الحق الصريح الذي لا مراء فيه عند أهل البصائر هومذهب السلف أعني مذهب الصحابة والتابعين وها أنا أورد بيانه وبيان برهانه.فأقول: حقيقة مذهب السلف ، وهو الحق عندنا ، أن كل من بلغه حديث من هذه الأحاديث من عوام الخلق يجب عليه فيه سبعة امور : التقديس، ثم التصديق، ثم الاعتراف بالعجز، ثم السكوت، ثم الإمساك، ثم الكف، ثم التسليم لأهل المعرفة."
အဲ့သည်ကျမ်းဟာအိမာမ်ဂဇာလီ၏နောက်ဆုံးကျမ်း
ဖြစ်ပြီး PDFဖိုင်လည်း on lineမှာရှိသည်ဖြစ်၍
ပညာရှင်များ download ရယူကာ လေ့လာနိုင်ပါ
တယ်။ အဲ့သည်ကျမ်းပါ ယုံကြည်ချက်များဟာ
ဂဇာလီ၏ အိဟ်ယာအုလ်အုလူးမ်ကျမ်းအပါအဝင်
ကျန်ကျမ်းပါယုံကြည်ချက်နှင့်မတူပဲ ကွဲပြားနေ
သည်ကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့
အိမာမ်ဂဇာလီဟာ သူ၏ နောက်ဆုံးပိုင်းဘဝမှာ
ဟဒီးစ်ကျမ်းများနှင့်သာလုံးပန်းခဲ့ပြီးနောက် အဲ့
သည်ကျမ်းကို ရေးသားခဲ့တာဖြစ်တယ်။
ဒါကြောင့်လည်း ဟဒီးစ်ပညာရှင်လည်းဖြစ်|သမိုင်း
ပညာရှင်ကြီးလည်းဖြစ်|သဖ်စီရ်ပညာရှင်လည်းဖြစ်
သူ အိမာမ်အိဗ်နုကဆီးရ်က ဂဇာလီဟာ သူ၏
နောက်ဆုံးပိုင်းမှာ သူ့မြိုဖြစ်သည့် သူးစ်မြိုကိုပြန်
ပြီး ကုရ်အာန်-ဟဒီးစ်နှင့်သာအချိန်ကုန်ခဲ့ကြောင်း
ရေးသားထားပါတယ်။ 👇👇
قال ابن كثير: (ثم عاد إلى بلده طوس فأقام بها، وابتنى رباطاً، واتخذ داراً حسناً، وغرس فيها بستاناً أنيقاً، وأقبل على تلاوة القرآن وحفظ الأحاديث الصحيحة ... ويقال إنه مال في آخر عمره إلى سماع الحديث والتحفيظ للصحيحين) البداية والنهاية 12/174.
ကြည့်-အလ်ဗိဒါယဟ် ဝန့်နိဟာယဟ်ကျမ်းအတွဲ၁၂
စာ ၁၇၄)
အိမာမ်ဂဇာလီကို အိမာမ်အိဗ်နုသိူင်မိယဟ်အပါအ
ဝင်ပညာရှင်ကြီးတွေထောက်ပြပြောဆိုခဲ့ရသည့်
အချက်က သူ၏ အိဟ်ယားအ်ကျမ်းပါ ရေးသား
ချက်တချိုနှင့်ဖိကဟ်အိမာမ်ကြီးတွေကို ထိုးနှက်
ရေးသားချက်တချိုကြောင့်သာဖြစ်တယ်။
ဥပမာ ဂဇာလီဟာ သူ၏ အိဟ်ယာအုလ်အုလုးမ်
ကျမ်းမှာ အဗူယဇီးဒ် ဗိစ်သွာမီ(တချိုကဗုစ်သွာမီ
လိုရေးကြတာဟာမှားပါတယ်)ဆူဖီဆပ်ကြီးကို
တစ်ကြိမ်ဖူးတွေ့ရခြင်းဟာ အလ္လာ့ဟ်ကို အကြိမ်
(၇၀)ဖူးတွေ့ရသည်ထက် သင့်အတွက် ပိုအကျိုး
ရှိတယ်လို"အလွန်ဆိုးရွားစွာရေးသားထားပါတယ်။
👇👇👇👇👇👇👇👇👇👇👇👇
قال الغزَّالي: قال أبو تراب النخشبي يوماً لبعض مريديه: لو رأيتَ أبا يزيدٍ -(أي: البسطامي)- فقال: إني عنه مشغولٌ، فلمَّا أكثر عليه "أبو تراب" مِن قوله "لو رأيتَ أبا يزيد" هاج وجد المريد، فقال: ويحك، ما أصنع بأبي يزيد؟ قد رأيتُ الله فأغناني عن أبي يزيد!! قال أبو تراب: فهاج طبعي ولم أملك نفسي، فقلتُ: ويلك تغترُّ بالله، لو رأيتَ أبا يزيد مرةً واحدةً كان أنفعَ لك مِن أن ترى الله سبعين مرَّةً! قال: فبُهتَ الفتى من قوله وأنكره، فقال: وكيف ذلك؟ قال له: ويلك أما ترى الله عندك فيظهر لك على مقدارك، وترى أبا يزيد عند الله قد ظهر له على مقداره أ.هـ‍ ‍ "الإحياء" (4/305).
ကြည့်-ဂဇာလီရေး အိဟ်ယာအုလ်အုလူးမ်ကျမ်း
အတွဲ၄စာ ၃၀၅)
ပြီးတော့ ဂဇာလီက သူ၏ အိဟ်ယာအုလ်အုလူးမ်
ကျမ်းမှာပဲ "အလ္လာ့ဟ်ထံ ဒီလို မြင့်မြတ်သည့်ပုဂ္ဂိုလ်
တချိုရှိတယ် ။ တကယ်လိုသူတိုဟာ အလ္လာ့ဟ်ထံ
ကိယာမသ်မဖြစ်ဖို တောင်းဆိုခဲ့ရင် ကိယာမသ်
လည်းဖြစ်လာဖို ရှိမှာမဟုတ်ဘူး"လိုရေးပြန်တယ်။
قال الغزالي: قال "سهل التستري": إن لله عباداً في هذه البلدةِ لو دَعَوْا على الظالمين لم يُصبحْ على وجهِ الأرضِ ظالم إلا مات في ليلةٍ واحدةٍ... حتى قال: ولو سألوه أن لا يقيم الساعة لم يقمْها! أ.هـ‍ ‍ "الإحياء" (4/305).
ကြည့်-အလ်အိဟ်ယားအ် အတွဲ၄/စာ၃၀၅
တကယ်တော့ ဂဇာလီရေးသလို စဟလ်ဗင်န်စအဒ်
သုစ်သရီဟာ အဲ့သည်လို မိန့်ဆိုခဲ့ခြင်းမရှိပါ။
အဲ့သည်လို ရေးသားချက်တွေအများကြီးပါတာ
ရယ်|ဟဒီးစ်တုပေါင်းများစွာပါနေတာမို ပညာရှင်
တွေဟာ အိဟ်ယာအုလ်အုလူးမ်ကျမ်းကို ပြင်းပြင်း
ထန်ထန်ဝေဖန်ခဲ့ကြတာဖြစ်တယ်။ နောက်ဆုံး
ဟိဂ်ျရီ(၅၀၀)၌ကွယ်လွန်သူဘုရင်ကြီး အလီဗင်န်
ယူဆွတ်ဖ်က ယင်းစာအုပ်ကို မီးရှိပစ်ရန်ပင်အမိန့်
ပေးခဲ့ပါတယ်။
ကြည့် -ဇဟဗီရေး "سير أعلام النبلاء" (20/124ကျမ်း
အိအ်ယာအုလ်အုလူးမ်ကျမ်းပါ အမှားတွေကိုပြန်
လည်ထောက်ပြချေဖျက်ထားသည့် အလ္လာမဟ်
မာဇ်ရီ ၏ကျမ်းနှင့်ဟလဗီရေးသားထား
သည့် "إحياء علوم الدين في ميزان العلماء والمؤرخين "
အမည်ရှိကျမ်းများတွင် အသေးစိတ်လေ့လာနိုင်ပါ
တယ်။အကောင်းဆုံးကျမ်းကတော့ အိမာမ်ဂဇာလီ
နှင့်ဆူဖီဝါဒအမည်ရှိအောက်ပါကျမ်းကို လေ့လာ
သင့်ပါတယ်။ အဲ့သည်ကျမ်းဟာ သုတေသနပြုထား
သည့်ကျမ်းဖြစ်ပြီး အိမာမ်ဂဇာလီ၏ အိဟ်ယာအုလ်
အုလူးမ်ကျမ်းပါအချက်များကို အထူးထားပြီး
သုတေသနပြုထားသော ကျမ်းလည်းဖြစ်ပါတယ်။
👇👇👇👇👇👇👇👇👇👇👇👇👇👇👇
أبو حامد الغزالي والتصوف.
https://arabicpdfs.com/%D8%A3%D8%A8%D9%88-%D8%AD%D8%A7%D9%85%D8%AF-%D8%A7%D9%84%D8%BA%D8%B2%D8%A7%D9%84%D9%8A-%D9%88%D8%A7%D9%84%D8%AA%D8%B5%D9%88%D9%81-%D8%AF%D9%85%D8%B4%D9%82%D9%8A%D8%A9-%D8%B7-%D8%B7%D9%8A%D8%A8%D8%A9/
⛔️အချုပ်ဆိုရသော် အိမာမ်ဂဇာလီဟာ ပညာအရာ
မှာအလွန်တော်သည့် ပညာရှင်တစ်ဦးဖြစ်ကြောင်း
ဉာဏ်ရှိသူတိုင်းငြင်းမရပါ။ သိုသော်သူသည်လည်း
လူသားပညာရှင်ဖြစ်၍ အမှားမကင်းခဲ့ပါ။ အထူး
သဖြင့် ဒဿနိကဗေဒပညာရပ်နှင့်ကလာမ်ပညာရပ်
ကိုလိုက်စားချိန် ရေးသားခဲ့သည့်ကျမ်းစာအုပ်များ

المكتبة المفتوحة (https://arabicpdfs.com/%D8%A3%D8%A8%D9%88-%D8%AD%D8%A7%D9%85%D8%AF-%D8%A7%D9%84%D8%BA%D8%B2%D8%A7%D9%84%D9%8A-%D9%88%D8%A7%D9%84%D8%AA%D8%B5%D9%88%D9%81-%D8%AF%D9%85%D8%B4%D9%82%D9%8A%D8%A9-%D8%B7-%D8%B7%D9%8A%D8%A8%D8%A9/)
أبو حامد الغزالي والتصوف دمشقية ط طيبة pdf - المكتبة المفتوحة
📘 اسم الكتاب: أبو حامد الغزالي والتصوف دمشقية ط طيبة 🏷️ القسم: 🗄️ نوع الكتاب: ملف ب د ف – PDF 💾 حجم الملف 6.14 ميجا بايت 🖨️ عدد الصفحات 451 📅 تاريخ الاضافة: 17 / 03 / 2023 👁️ المشاهدات: 🌐 اللغةသည် အမှားများစွာပါဝင်ခဲ့ပါတယ်။ သိုသော်လည်း
သူသည် ဘဝနောက်ဆုံးချိန် ကျမ်း(၂)ကျမ်းရေး
သားထုတ်ဝေခဲ့ပြီး ယခင်အယူအဆများကိုစွန့်လွှတ်
ခဲ့၍ မည်သည့်ပညာရှင်မှ သူ့ကို ကာဖိရ်ဖသ်ဝါပေး
ခဲ့ခြင်းမရှိကြောင်းပါ။ သူ့ယခင်ရေးသားချက်အမှား
များကို သတိပြုမိစေရန်သာ ထောက်ပြခဲ့ကြတာ
ဖြစ်ပါတယ်။ မြန်မာပြည်မှာက အူရ်ဒူစာပေဖြင့်
ရေးထားတဲ့ ဟဇရသ်မော်လာနာကြီးတချို၏စာတို
တွေသာဖတ်ပီး ရှေးကျသော သမိုင်းကျမ်းများနှင့်
ပညာရှင်ကြီးများ၏ ရေးသားချက်များကို လေ့လာ
လိုက်စားခြင်းမပြုကြသည့်အတွက် အိမာမ်အိဗ်နု
သိူင်မိယဟ်က ဘယ်သူကိုတော့ ကာဖိရ်ဖသ်ဝါပေး
ခဲ့တယ်တို|ဘယ်သူကတော့ ဝလီကြီးပါ ဘာလိုသူ့ကို
အမှားထောက်ပြကြတာလဲတို စသည်ဖြင့် သံယောင်
လိုက်ကြပါတယ်။ စာများများဖတ်ကြပါဗျာ။
(အိမာမ်ဂဇာလီ၏နောက်ဆုံးရေးခဲ့သည့်ကျမ်းပါ
ပထမစာမျက်နှာနှင့် အိမာမ်ဇဟဗီ၏ စိရသ်ကျမ်းပါ
အိမာမ်ဂဇာလီနှင့်ပတ်သက်၍ ရေးသားထားသည့်
အချက်တချိုကို ပုံများဖြင့်ဖော်ပြထားပါတယ်။
မော်လဝီပသီကျော်ဦးဘာသာပြန်သည့်အိဟ်ယာ
အုလ်အုလူမ်းဘာသာပြန်မှာလည်း အိမာမ်အဗူယူ
ဆွတ်ဖ်နှင့်ပတ်သက်၍ဂဇာလီ၏ရေးသားချက်
ဘာသာပြန်ကိုဖော်ပြထားပါတယ်။ဘာသာပြန်သူ
မော်လဝီဆပ်ဟာ အိမာမ်အိရာကီ၏မှတ်ချက်တွေ
ကိုပါဖော်ပြရေးသားပေးသည်ဖြစ်၍ ပညာသစ္စာရှိ
သူဟု ဆိုရပါမယ်။ )
Stone King